ကန်ပက်လက်မြို့တွင်းတို်က်ပွဲ စစ်ကောင်စီတပ်ဖွဲ့က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် လူနေအိမ်များ ပျက်စီး

ကန်ပက်လက်မြို့တွင်းတို်က်ပွဲ စစ်ကောင်စီတပ်ဖွဲ့က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် လူနေအိမ်များ ပျက်စီး

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့ တွင် CDF-Kanpetlet နှင့် စစ်ကောင်စီတို့အကြား ယနေ့နံနက်ပိုင်းက တိုက်ပွဲထပ်မံဖြစ်ပွားနေပြီး  မြို့တွင်းတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ခြင်းကြောင့် လူနေအိမ်များ ပျက်စီးမှုတွေရှိနေသည်ဟု ကန်ပက်လက်မြို့ခံတစ်ဦးကပြောသည်။

“၇ နာရီနောက်ပိုင်းကဖြစ်တာ အခုထိပစ်နေတုန်း၊ လူတွေလဲ အိမ်ထဲကအိမ်ပြင်ကို မထွက်ရဲကြဘူး၊ အိမ်တွေတော့ လက်နက်ကြီးတွေ ထိမှန်တာရှိတယ်၊ ဘဏ်နား၊ လျှပ်စစ်ရုံး၊ ဆေးရုံဖက်တို့မှာ၊ လူတွေတော့ လောလောဆယ်ထိ ထိခိုက်တာမရှိဘူး။ အခုကတော့ လူငယ်တွေ ပစ်တဲ့ပုံစံတော့မဟုတ်ပါဘူး၊ တပ်က ရမ်းသမ်းပစ်တဲ့ပုံစံပဲ” ဟု ကန်ပက်လက်မြို့ခံတစ်ဦးက ပြောသည်။

ကန်ပက်လက်မြို့ပေါ်တွင် ယနေ့ နံနက် ၇ နာရီနောက်ပိုင်းတွင် စစ်ကောင်စီဘက်မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီး ၈ လုံးမှာ မြို့တွင်း (၃) နေရာတွင်ကျရောက်ခဲ့ပြီး လူနေအိမ်တွေကို ထိခိုက်ခဲ့ခြင်းဖြစ်သည်။

ယမန်နေ့ စက်တင်ဘာလ ၁၄ ရက်နေ့က CDF-Kanpetlet နှင့် စစ်ကောင်စီတပ်ဖွဲ့တို့ ကန်ပက်လက်မြို့နယ်နှင့် ဆောမြို့အကြားတွင် ထိတွေ့မှုဖြစ်ပြီး စစ်ကောင်စီက လက်နက်ကြီးတွေ အသုံးပြုပြီး ရမ်းသမ်းပစ်ခတ်မှုတွေကြောင့် ပြည်သူများဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရသည်။

 
 

 

 

May 1, 2026
ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ် နှင့် မကွေးတိုင်းဆောမြို့နယ်၊ ကျောက်ထုဒေသအစပ်ကြားရှိ...
April 30, 2026
ချင်းပြည်နယ်မြောက်ပိုင်းက စစ်ရေးအချက်အချာကျသည့် ဖလမ်းမြို့နှင့် ဆူရ်းဘုန်လေဆိပ်တို့ စစ်တပ်လက်ထဲ...
April 29, 2026
ချင်းပြည်တောင်ပိုင်း၊ မင်းတပ်မြို့နှင့် ၁၀ မိုင် ခန့်သာ ကွာဝေးပြီး ချင်း- ရခိုင်- မကွေး...
April 28, 2026
မလေးရှားသို့သွားရန် ကြိုးပမ်းစဉ် လမ်းခုလတ်တွင် အသက်ရှူကျပ်ကာ ကွယ်လွန်သွားခဲ့ရသည့် ချင်းလူငယ် Tg...