တီးတိန်မြို့နယ်က Mytel Tower တိုင် ၄ တိုင် ဖောက်ခွဲဖျက်ဆီးခံရ

တီးတိန်မြို့နယ်က Mytel Tower တိုင် ၄ တိုင် ဖောက်ခွဲဖျက်ဆီးခံရ

ချင်းပြည်နယ် တီးတိန်မြို့ မြို့မရပ်ကွက် ပြည်သူ့ဆေးရုံအနီးက Mytel Tower တိုင်တစ်တိုင်ကို စက်တင်ဘာလ ၁၄ ရက်နေ့ညက ဖောက်ခွဲဖျက်ဆီးခံခဲ့ရပြီး တီးတိန်မြို့နယ်တွင် ၅ ရက်အတွင်း Mytel Tower တိုင် ၄ တိုင်မြောက် ဖျက်ဆီးခံခဲ့ရခြင်းဖြစ်သည်။

"မနေ့ညကဟာနဲ့ဆိုရင် ၄ တိုင်မြောက်ပေါ့ ဖျက်ဆီးတာ နေ့တိုင်းနီးပါးဖျက်ဆီးတယ် နေရာကတော့ မြို့မရပ်ကွက် ပြည်သူ့ဆေးရုံနားမှာ" ဟု တီးတိန်မြို့ဒေသခံတစ်ဦး ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၉ ရက်နေ့ကစ၍ တီးတိန်မြ်ို့နယ်အတွင်းရှိ Mytel Tower တိုင်များကို PDF-Zoland တပ်ဖွဲ့က ဖေါက်ခွဲခဲ့ခြင်းဖြစ်သည်ဟု သိရပြီး တီးတိန်မြို့အဝင်၊ ကနေဒီတောင်ခြေနှင့် ခိုင်ကမ်းမြို့အနီး စသည့် ၃ နေရာတွင် Mytel Tower တိုင်များကို ဖေါက်ခွဲဖျက်ဆီးခဲ့ကြသည်ဟု သိရသည်။

တီးတိန်မြို့နယ်တွင် Mytel tower ဖျက်ဆီးခံရခြင်းကြောင့် Mytel အင်တာနက်လိုင်း အသုံးပြု၍မရတော့ကြောင်းသိရပြီး ဖုန်းလိုင်းမှာမူ ပြောဆို၍ရသေးကြောင်း သိရသည်။

 
 

 

 

May 1, 2026
ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ် နှင့် မကွေးတိုင်းဆောမြို့နယ်၊ ကျောက်ထုဒေသအစပ်ကြားရှိ...
April 30, 2026
ချင်းပြည်နယ်မြောက်ပိုင်းက စစ်ရေးအချက်အချာကျသည့် ဖလမ်းမြို့နှင့် ဆူရ်းဘုန်လေဆိပ်တို့ စစ်တပ်လက်ထဲ...
April 29, 2026
ချင်းပြည်တောင်ပိုင်း၊ မင်းတပ်မြို့နှင့် ၁၀ မိုင် ခန့်သာ ကွာဝေးပြီး ချင်း- ရခိုင်- မကွေး...
April 28, 2026
မလေးရှားသို့သွားရန် ကြိုးပမ်းစဉ် လမ်းခုလတ်တွင် အသက်ရှူကျပ်ကာ ကွယ်လွန်သွားခဲ့ရသည့် ချင်းလူငယ် Tg...