တီးတိန်မြို့နယ်က Mytel Tower တိုင် ၄ တိုင် ဖောက်ခွဲဖျက်ဆီးခံရ

တီးတိန်မြို့နယ်က Mytel Tower တိုင် ၄ တိုင် ဖောက်ခွဲဖျက်ဆီးခံရ

ချင်းပြည်နယ် တီးတိန်မြို့ မြို့မရပ်ကွက် ပြည်သူ့ဆေးရုံအနီးက Mytel Tower တိုင်တစ်တိုင်ကို စက်တင်ဘာလ ၁၄ ရက်နေ့ညက ဖောက်ခွဲဖျက်ဆီးခံခဲ့ရပြီး တီးတိန်မြို့နယ်တွင် ၅ ရက်အတွင်း Mytel Tower တိုင် ၄ တိုင်မြောက် ဖျက်ဆီးခံခဲ့ရခြင်းဖြစ်သည်။

"မနေ့ညကဟာနဲ့ဆိုရင် ၄ တိုင်မြောက်ပေါ့ ဖျက်ဆီးတာ နေ့တိုင်းနီးပါးဖျက်ဆီးတယ် နေရာကတော့ မြို့မရပ်ကွက် ပြည်သူ့ဆေးရုံနားမှာ" ဟု တီးတိန်မြို့ဒေသခံတစ်ဦး ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၉ ရက်နေ့ကစ၍ တီးတိန်မြ်ို့နယ်အတွင်းရှိ Mytel Tower တိုင်များကို PDF-Zoland တပ်ဖွဲ့က ဖေါက်ခွဲခဲ့ခြင်းဖြစ်သည်ဟု သိရပြီး တီးတိန်မြို့အဝင်၊ ကနေဒီတောင်ခြေနှင့် ခိုင်ကမ်းမြို့အနီး စသည့် ၃ နေရာတွင် Mytel Tower တိုင်များကို ဖေါက်ခွဲဖျက်ဆီးခဲ့ကြသည်ဟု သိရသည်။

တီးတိန်မြို့နယ်တွင် Mytel tower ဖျက်ဆီးခံရခြင်းကြောင့် Mytel အင်တာနက်လိုင်း အသုံးပြု၍မရတော့ကြောင်းသိရပြီး ဖုန်းလိုင်းမှာမူ ပြောဆို၍ရသေးကြောင်း သိရသည်။

 
 

 

 

Most read this week

December 19, 2025
မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ-MTC သည် လိုင်လင်းပီမြို့အုပ်ချုပ်ရေးအက်ဥပဒေကို ဆွေးနွေး...
December 16, 2025
စစ်အာဏာရှင်တော်လှန်ရေး ၅ နှစ်နီးပါးရှိလာချိန်တွင် ခိုင်မာကျယ်ပြန့်သော နွေဦးတော်လှန်ရေး...
December 16, 2025
စစ်အာဏာရှင်တော်လှန်ရေး ၅ နှစ်နီးပါးရှိလာချိန်တွင် ခိုင်မာကျယ်ပြန့်သော နွေဦးတော်လှန်ရေး...
December 15, 2025
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ ပြည်သူဆေးရုံးကြီးကို စစ်ကော်မရှင်က လေကြောင်းတိုက်ခိုက်မှုသည်...