စစ်ကောင်စီက ထောက်ပံ့သော အလှူငွေများကို ပလက်ဝမြို့နယ် ခရစ်ယာန်အသင်းတော်ပေါင်းစုံက ဒေသလိုအပ်ချက်အတွက် ပြန်လည်လှူဒါန်း

စစ်ကောင်စီက ထောက်ပံ့သော အလှူငွေများကို ပလက်ဝမြို့နယ် ခရစ်ယာန်အသင်းတော်ပေါင်းစုံက ဒေသလိုအပ်ချက်အတွက် ပြန်လည်လှူဒါန်း

ချင်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီမှ ထောက်ပံ့သော အလှူငွေများကို ပလက်ဝမြို့နယ် ခရစ်ယာန်အမှုတော် ဆောင်ပါစတာများက စက်တင်ဘာလ ၁၁ ရက်နေ့က လက်ခံရရှိခဲ့သော်လည်း ၎င်းတို့ လက်ခံရရှိခဲ့သော ငွေကြေးများကို ပလက်ဝမြို့နယ်အတွင်း ဒေသလိုအပ်ချက်များအတွက် အသုံးပြုရန် ပြန်လည်လှူဒါန်းလိုက်ကြသည်ဟု သိရသည်။

“သူတို့ပေးတာက စာရင်းလဲမမှန်ပါဘူး၊ လက်ရှိ မြို့ပေါ်မှာရှိတဲ့ သင်းအုပ်ဆရာရှိတဲ့ စာရင်းအားလုံးတော့မဟုတ်ဘူး ဒါပေမယ့် အရင်က ရှိပြီးသားစာရင်းလားမသိဘူး။ ၃၀၀ ဝန်းကျင်လောက်ပဲပေးတယ်။ ကျွန်တော်တို့ သင်းအုပ်ဆရာအားလုံးက ပရဟိတအဖွဲ့ကို အားလုံး ဒီနေ့ ကျွန်တော်တို့ ပြန်လှူလိုက်တယ်” ဟု ပလက်ဝမြို့နယ် ခရစ်ယာန်အမှုတော် ဆောင်ပါစတာတစ်ဦးက ပြောသည်။

ပလက်ဝမြို့နယ်တွင် ခရစ်ယာန်အမှုတော်ဆောင် (၅၀၀) ဝန်းကျင်ရှိသည်ဟု သိရပြီး လက်ရှိ စစ်ကောင်စီက ခရစ်ယာ န်အမှုတော်ဆောင် (၃၁၀) အတွက် တစ်ဦးလျှင် ကျပ် ၁၈၀၀၀ နှူန်းဖြင့် ထောက်ပံ့လှူဒါန်းပေးသော ငွေကျပ် ၅၅၈၀၀၀၀ ကို ပလက်ဝမြို့ ပြည်သူ့ဆေးရုံတွင် လိုအပ်သော မီးစက်တစ်လုံးနှင့် ဒီဇယ်ဝယ်ရန် (၁၀ သိန်း)၊ Oxygen Plant ဖြစ်မြောက်ရေးအတွက် (၁၀ သိန်း) နှင့်  COVID-19 ကာကွယ်ထိန်းချုပ်ရေး အတွက် ကျပ် ၃၃၆၄၀၀၀ နှင့် ၂၁၆၀၀၀ ကျပ်တန်ဖိုးရှိ (ဆန်၊ဆီ၊ ဆား၊ ပဲ) တို့ကို ပြန်လည်လှူဒါန်းခဲ့ကြခြင်းဖြစ်သည်။

အလားတူ ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်ရှိ ခရစ်ယာန်ဓမ္မအမှုတော်ဆောင်များကလည်း စစ်ကောင်စီက ထောက်ပံ့လှူဒါန်းသော ကျပ် (၃၉၆၀၀၀၀) ကို မင်းတပ်ပရဟိတမိတ်ဆွေအဖွဲ့ထံကို သာရေးနာရေးနှင့် လူမှုရေးကိစ္စအဝဝတို့တွင် အသုံးပြုရန်အတွက် တဆင့် လှူဒါန်းပေးခဲ့ပြီးဖြစ်သည်။

ချင်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီသည် ချင်းပြည်နယ် ၉ မြို့နယ်အတွင်းရှိ သာသနာ့တာဝန်ထမ်းဆောင်လျှက်ရှိသော ခရစ်ယာန်အမှုတော်ဆောင်များကို တစ်ဦးလျှင် ၁၈၀၀၀ နှုန်းဖြင့် ကူညီထောက်ပံ့လျှက်ရှိပြီး ဟားခါး၊ ဖလမ်းမြို့နယ်များမှ ခရစ်ယာန်ပါစတာများက လက်မခံဘဲ ၎င်းတို့လက်ခံရရှိသည့် ငွေကြေးများအား ပြန်လည်အပ်နှံခဲ့ကြသည်။

February 18, 2026
အာဏာသိမ်းစစ်ကော်မရှင်၏ ပြန်လည်ထိုးစစ်ဆင်မှုများ ပိုပြင်းထန်လာနေသည့် ချင်းပြည်နယ်တွင် ယခုနှစ်...
February 17, 2026
စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်ရှိ ကျေးရွာတချို့မှာ အတင်းအဓမ္မ တပ်သားစုဆောင်းခံနေရသည့်အတွက်...
February 16, 2026
မြန်မာနိုင်ငံဘက်သို့ ကုန်စ္စည်းများပို့ဆောင်သည့် မီဇိုရမ်ပြည်နယ် လောင်တလိုင်မြို့က...
February 13, 2026
ချင်းပြည်နယ်မြောက်ပိုင်၊ ဖလမ်းမြို့နယ်ထဲကို စစ်ကြောင်းထိုးလာနေသော စစ်ကော်မရှင်တပ်များကို WITCH...