အိန္ဒိယနိုင်ငံ Guwahati မြို့တွင် ချင်းလူမျိုး ၂၆ ဦး နိုင်ငံသားကဒ်အတု ကိုင်ဆောင်မှုနှင့် အဖမ်းခံရ

အိန္ဒိယနိုင်ငံ Guwahati မြို့တွင် ချင်းလူမျိုး ၂၆ ဦး နိုင်ငံသားကဒ်အတု ကိုင်ဆောင်မှုနှင့် အဖမ်းခံရ

အိန္ဒိယနိုင်ငံ အာသံပြည်နယ် Guwahati မြို့တွင် ချင်းလူမျိုး ၂၆ ဦးကို နိုင်ငံသားကဒ်အတု ကိုင်ဆောင်မှုနှင့် စက်တင်ဘာလ ၁၂ ရက်နေ့က အဖမ်းခံရသည်ဟု သိရသည်။

၎င်းတို့ကို Guwahati မြို့ Rehabari ရပ်ကွက် Muana Run တည်းခိုခန်းတွင် အာသံရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ကျမ်းစာကျောင်းတက်ရောက်ရန် နယူးဒေလီမြို့သို့ သွားရောက်ကြသူများဖြစ်ကြကြောင်း ထွက်ဆိုထားကြသည်ဟု သိရသည်။

အဖမ်းခံရသူများထဲတွင် အမျိူးသမီး ၁၀ ယောက်ပါဝင်ကြောင်း သိရသည်။

နယူးဒေလီအခြေစိုက် CHRO တာဝန်ခံ Salai Cung Dawt က “အားလုံး ၂၆ ယောက်ဖြစ်တယ်။ အားလုံး ချင်းပြည်နယ်ဖ က်ကဖြစ်တယ်။ ဖမ်းတယ်ဆိုတဲ့သတင်းကို ကြားကြားချင်းဘဲ လူတစ်ယောက်ကို စုံစမ်းခိုင်းထားတယ်။ အခုသူတို့က ရဲစခန်းမှာထားထားတယ်။ သူတို့နဲ့လည်း စကား ပြောဖြစ်တယ်။ အဓိကတော့ Document အတု၊ fake ID ကိုင်ဆော င်လာတာကြောင့် ဖမ်းတာဖြစ်တယ်။” ဟု ပြောသည်။

အဆိုပါ ချင်းလူမျိုး ၂၆ ဦးတို့သည် ချင်းပြည်နယ်အတွင်း စစ်ရေးပဋိပက္ခကြောင့် မီဇိုရမ်ပြည်နယ်ဘက်သို့ ထွက်ပြေးလာကြသူများ ဖြစ်ကြသည်ဟု Salai Cung Dawt က ပြောသည်။

“သူတို့ပြောတာက ပြည်တွင်းနိုင်ငံရေးအခြေအနေမကောင်းလို့ နယူးဒေလီကို သွားတာဖြစ်တယ်။ ဒါပေမယ့် အဖမ်းခံရတော့ ဒီဘက်နိုင်ငံရေးအခြေအနေကိုလည်း မသိတဲ့အခါ refugee တွေပါလို့ပြောရင် ဖမ်းပြီးထောင်ချမှာကြောက်လို့ ကျမ်းစာကျောင်းတက်မဲ့သူတွေပါဆိုပြီး ရဲကို ဝန်ခံထားကြတယ်။ အဲဒီကိစ္စကို ရဲကို သေသေချာချာရှင်းပြဖို့တော့ လိုတာပေါ့။ လက်ရှိအခြေအနေမှာတော့ သူတို့လွတ်နိုင်အောင် ကြိုးစားနေတုန်းဘဲရှိသေးတယ်။ လွတ်နိုင်မယ်၊ မလွတ်နိုင်ဘူးဆိုတာလည်း မသေချာသေးဘူး။” ဟု ပြောသည်။

၎င်းတို့ကို ယခုလက်ရှိ Guwahati ရဲစခန်းတွင်ထိန်းသိမ်းထားပြီး နိုင်ငံခြားသားအက်ဥပဒေ၊ ပတ်စပို့ဥပဒေများဖြင့် တရားစွဲဆိုခံရမည်ဟု သိရသည်။

 
 

 

 

May 1, 2026
ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ် နှင့် မကွေးတိုင်းဆောမြို့နယ်၊ ကျောက်ထုဒေသအစပ်ကြားရှိ...
April 30, 2026
ချင်းပြည်နယ်မြောက်ပိုင်းက စစ်ရေးအချက်အချာကျသည့် ဖလမ်းမြို့နှင့် ဆူရ်းဘုန်လေဆိပ်တို့ စစ်တပ်လက်ထဲ...
April 29, 2026
ချင်းပြည်တောင်ပိုင်း၊ မင်းတပ်မြို့နှင့် ၁၀ မိုင် ခန့်သာ ကွာဝေးပြီး ချင်း- ရခိုင်- မကွေး...
April 28, 2026
မလေးရှားသို့သွားရန် ကြိုးပမ်းစဉ် လမ်းခုလတ်တွင် အသက်ရှူကျပ်ကာ ကွယ်လွန်သွားခဲ့ရသည့် ချင်းလူငယ် Tg...