စစ်ကောင်စီက ဂျက်လေယဉ်နှင့်ဗုံးကျဲတိုက်ခိုက်သည့် Lungler ရွာလုံးကျွတ် မီဇိုရမ်ဘက်ကို ထွက်ပြေးတိမ်းရှောင်

စစ်ကောင်စီက ဂျက်လေယဉ်နှင့်ဗုံးကျဲတိုက်ခိုက်သည့် Lungler ရွာလုံးကျွတ် မီဇိုရမ်ဘက်ကို ထွက်ပြေးတိမ်းရှောင်

ချင်းပြည်နယ် ထန်တလန်မြို့နယ် Lungler ကျေးရွာတွင် စက်တင်ဘာ ၁၀ ရက်နေ့က ချင်းအမျိုးသားတပ်မတော် CNA/CDF ပူးပေါင်းတပ်နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က ဂျက်လေယဉ်အသုံးပြုကာ ဗုံးကျဲတိုက်ခိုက်မှုကြောင့် Lungler ကျေးရွာ ရွာလုံးကျွတ်နီးပါး မီဇိုရမ်ပြည်နယ်ဘက်ကို ထွက်ပြေးတိမ်းရှောင်နေကြကြောင်း သိရသည်။

မီဇိုရမ်ပြည်နယ်ကို ထွက်ပြေးတိမ်းရှောင်လာသော Lungler ကျေးရွာနှင့် အခြားသောကျေးရွာမှ ပြည်သူလူထုများကို မီဇိုရမ်ပြည်နယ် ကျန်ဖိုင်းခရိုင် Cherhlun နှင့် Ngharchhip ကျေးရွာလူထုမှ ကြိုဆိုလက်ခံထားကြပြီး အစိုးရကျောင်းများတွင် ထားရှိနေကြရကြောင်း သိရသည်။

မီဇိုရမ်ပြည်နယ်ဘက်ကို ထွက်ပြေးတိမ်းရှောင်လာကြသော စစ်ဘေးရှောင်ပြည်သူများအနေဖြင့် အရေးပေါ် စားဝတ်နေရေးအကူအညီ လိုအပ်ကြောင်း NGO United for Democratic Myanmar ဥက္ကဌ ပူးလောမ်မာက ယခုလိုပြောသည်။

“Cherhlun နှင့် Ngharchhip ကျေးရွာ ရပ်ကွက်လူကြီးနဲ့ဖုန်းပြောဖြစ်တယ်။ ရောက်လာတဲ့ စစ်ဘေးရှောင်လူဦးရေလည်း တိတိကျကျမသိရသေးဘူး။ အစိုးရကျောင်းတွေ ရပ်နားခိုင်းထားပြီး အစိုးရကျောင်းတွေမှာ ထားထားကြတယ်။ Cherhlun နှင့် Ngharchhip ကျေးရွာဆိုတာက ကျေးရွာငယ်ကလေးဖြစ်တော့ စားဝတ်နေရေးပိုင်းမှာ အတော်လေး အခက်အခဲတွေ့နေကြတယ်။” ဟု သူကပြောသည်။

အိန္ဒိယ-မြန်မာနယ်စပ် မီဇိုရမ်ပြည်နယ် Thingsai ကျေးရွာတွင်လည်း ရောက်ရှိလာမည့် မြန်မာစစ်ဘေးရှောင်များအတွက် ရည်ရွယ်ပြီး စစ်ဘေးရှောင်ယာယီစခန်းများလည်း တည်ဆောက်လျက်ရှိကြောင်း သိရသည်။

February 18, 2026
အာဏာသိမ်းစစ်ကော်မရှင်၏ ပြန်လည်ထိုးစစ်ဆင်မှုများ ပိုပြင်းထန်လာနေသည့် ချင်းပြည်နယ်တွင် ယခုနှစ်...
February 17, 2026
စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်ရှိ ကျေးရွာတချို့မှာ အတင်းအဓမ္မ တပ်သားစုဆောင်းခံနေရသည့်အတွက်...
February 16, 2026
မြန်မာနိုင်ငံဘက်သို့ ကုန်စ္စည်းများပို့ဆောင်သည့် မီဇိုရမ်ပြည်နယ် လောင်တလိုင်မြို့က...
February 13, 2026
ချင်းပြည်နယ်မြောက်ပိုင်၊ ဖလမ်းမြို့နယ်ထဲကို စစ်ကြောင်းထိုးလာနေသော စစ်ကော်မရှင်တပ်များကို WITCH...