ထန်တလန်မြို့တွင် ပစ်ခတ်မှုဖြစ်ပွား၊ စစ်ကောင်စီတပ်သား ၂ ဦးသေဆုံးဟုဆို

ထန်တလန်မြို့တွင် ပစ်ခတ်မှုဖြစ်ပွား၊ စစ်ကောင်စီတပ်သား ၂ ဦးသေဆုံးဟုဆို

ချင်းပြည်နယ် ထန်တလန်မြို့တွင် ယမန် နေ့ မွန်းလွှဲပိုင်း ၁ နာရီခန့်က ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား (၂) ဦးသေဆုံးသည်ဟု ဒေသခံတစ်ဦးထံမှ သိရသည်။

"သူတို့ ၁ နာရီလောက်ကစတာ အခုလည်းပြန်ပစ်နေပြန်ပြီ အပြင်ထွက်လို့လည်းမရဘူး။ CB ဘဏ်အရှေ့ ထန်တလန် မြို့မဈေးလမ်းမကြီး မြို့လယ်ပေါ်မှာ အဲဒီမှာ စစ်သား (၂) ဦး သေဆုံးတယ်။ အိမ်လည်း တော်တော်များများပျက်တယ်။ စစ်သားတွေက သူတို့လက်နက်ကြီးနဲ့ သူတို့ မြို့ပေါ်မှာ အဲလိုရမ်းပစ်တဲ့အခါကျတော့" ဟု ဒေသခံတစ်ဦးက ပြောသည်။

ထန်တလန်မြို့တွင်းပစ်ခတ်မှုကြောင့် လူနေအိမ်များ ကျည်ထိပျက်စီးမှုရှိပြီး လူနေအိမ်တစ်လုံးလည်း မီးလောင်နေသည်ဟု သိရသည်။

May 1, 2026
ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ် နှင့် မကွေးတိုင်းဆောမြို့နယ်၊ ကျောက်ထုဒေသအစပ်ကြားရှိ...
April 30, 2026
ချင်းပြည်နယ်မြောက်ပိုင်းက စစ်ရေးအချက်အချာကျသည့် ဖလမ်းမြို့နှင့် ဆူရ်းဘုန်လေဆိပ်တို့ စစ်တပ်လက်ထဲ...
April 29, 2026
ချင်းပြည်တောင်ပိုင်း၊ မင်းတပ်မြို့နှင့် ၁၀ မိုင် ခန့်သာ ကွာဝေးပြီး ချင်း- ရခိုင်- မကွေး...
April 28, 2026
မလေးရှားသို့သွားရန် ကြိုးပမ်းစဉ် လမ်းခုလတ်တွင် အသက်ရှူကျပ်ကာ ကွယ်လွန်သွားခဲ့ရသည့် ချင်းလူငယ် Tg...