ထန်တလန်မြို့တွင် ပစ်ခတ်မှုဖြစ်ပွား၊ စစ်ကောင်စီတပ်သား ၂ ဦးသေဆုံးဟုဆို

ထန်တလန်မြို့တွင် ပစ်ခတ်မှုဖြစ်ပွား၊ စစ်ကောင်စီတပ်သား ၂ ဦးသေဆုံးဟုဆို

ချင်းပြည်နယ် ထန်တလန်မြို့တွင် ယမန် နေ့ မွန်းလွှဲပိုင်း ၁ နာရီခန့်က ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား (၂) ဦးသေဆုံးသည်ဟု ဒေသခံတစ်ဦးထံမှ သိရသည်။

"သူတို့ ၁ နာရီလောက်ကစတာ အခုလည်းပြန်ပစ်နေပြန်ပြီ အပြင်ထွက်လို့လည်းမရဘူး။ CB ဘဏ်အရှေ့ ထန်တလန် မြို့မဈေးလမ်းမကြီး မြို့လယ်ပေါ်မှာ အဲဒီမှာ စစ်သား (၂) ဦး သေဆုံးတယ်။ အိမ်လည်း တော်တော်များများပျက်တယ်။ စစ်သားတွေက သူတို့လက်နက်ကြီးနဲ့ သူတို့ မြို့ပေါ်မှာ အဲလိုရမ်းပစ်တဲ့အခါကျတော့" ဟု ဒေသခံတစ်ဦးက ပြောသည်။

ထန်တလန်မြို့တွင်းပစ်ခတ်မှုကြောင့် လူနေအိမ်များ ကျည်ထိပျက်စီးမှုရှိပြီး လူနေအိမ်တစ်လုံးလည်း မီးလောင်နေသည်ဟု သိရသည်။

Most read this week

December 19, 2025
မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ-MTC သည် လိုင်လင်းပီမြို့အုပ်ချုပ်ရေးအက်ဥပဒေကို ဆွေးနွေး...
December 16, 2025
စစ်အာဏာရှင်တော်လှန်ရေး ၅ နှစ်နီးပါးရှိလာချိန်တွင် ခိုင်မာကျယ်ပြန့်သော နွေဦးတော်လှန်ရေး...
December 16, 2025
စစ်အာဏာရှင်တော်လှန်ရေး ၅ နှစ်နီးပါးရှိလာချိန်တွင် ခိုင်မာကျယ်ပြန့်သော နွေဦးတော်လှန်ရေး...
December 15, 2025
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ ပြည်သူဆေးရုံးကြီးကို စစ်ကော်မရှင်က လေကြောင်းတိုက်ခိုက်မှုသည်...