ဟုမ္မလင်းတွင် အမျိုးသမီး ၁ ဦးအပါအဝင် လူ ၄ ဦးကို စစ်ကောင်စီက ဖမ်းဆီးခေါ်ဆောင်သွား

ဟုမ္မလင်းတွင် အမျိုးသမီး ၁ ဦးအပါအဝင် လူ ၄ ဦးကို စစ်ကောင်စီက ဖမ်းဆီးခေါ်ဆောင်သွား

စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ဟုမ္မလင်းမြို့၊ ဟုမ္မလင်းရပ်ကွက်က အမျိုးသမီး ၁ ဦးအပါအဝင် လူ ၄ ဦးကို စက်တင်ဘာလ ၈ ရက်နေ့ ည (၈) နာရီအချိန်တွင် ၎င်းတို့၏နေအိမ်တွင် စစ်ကောင်စီတပ်ဖွဲ့က အင်အားအများအဖြင့် လာရောက်ဖမ်းဆီးသွားခဲ့သည်ဟု သိရသည်။

“ညက ဖမ်းဆီးတာတွေရှိတယ်၊ သူတို့ဖမ်းတဲ့သူတွေကိိုဆိုရင် လေတပ်ဖက်မှာပဲထားတာ” ဟု ဟုမ္မလင်းဒေသခံတစ်ဦးက ပြောသည်။

အဆိုပါ ဖမ်းဆီးခံရသူများမှာ ဦးအောင်ကိုလတ်၊ ဦးမင်းနီ၊ ဦးကျော်စိုးဦးနှင့် ဒေါ်ဆွေဆွေအောင်၏ ခင်ပွန်းဖြစ်သူ ဦးစိုးသိမ်းကို မတွေ့ရှိသောကြောင့် ဇနီးကို ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု သိရပြီး စစ်ကောင်စီတပ်ဖွဲ့များက ၎င်းတို့ကို ရှမ်းနီအမျိုးသားတပ်မတော်များနှင့် ဆက်စပ်မှုရှိသည်ဟု သံသယရှိသောကြောင့် ဖမ်းဆီးခံရခြင်းဖြစ်သည်ဟုလည်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

ဖမ်းဆီးခံရသည့်အထဲမှ ဦးအောင်ကိုလတ်နှင့် ဦးကျော်စိုးဦးတို့ကို ည (၁၀) နာရီခွဲဝန်းကျင်တွင် ပြန်လည်လွတ်ပေးခဲ့သော်လည်း ကျန် ၂ ဦးကို ဆက်လက်ဖမ်းဆီးထားဆဲဖြစ်ကြောင်း သိရသည်။

အလားတူ ပြီးခဲ့သည့် သြဂုတ်လ ၂၄ ရက်နေ့ ညနေ ၃ နာရီတွင် ဟုမ္မလင်းမြို့၊ ကုတင် (၁၀၀) ဆံ ပြည်သူ့ဆေးရုံမှ CDM ဓာတ်ခွဲခန်းဝန်ထမ်း ကိုအိုက်ဇော်ဆိုသူကိုလည်း စစ်ကောင်စီတပ်ဖွဲ့က အိမ်စီးကားနှစ်စီးဖြင့် ၎င်း၏နေအိမ်တွင် ဝင်ရောက်ရှာဖွေ ဖမ်းဆီးသွားပြီး ၃ ရက်ခန့်အကြာမှ ပြန်လည်လွတ်ပေးခဲ့ကြောင်းလည်း သိရသည်။

 
 

 

 

May 1, 2026
ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ် နှင့် မကွေးတိုင်းဆောမြို့နယ်၊ ကျောက်ထုဒေသအစပ်ကြားရှိ...
April 30, 2026
ချင်းပြည်နယ်မြောက်ပိုင်းက စစ်ရေးအချက်အချာကျသည့် ဖလမ်းမြို့နှင့် ဆူရ်းဘုန်လေဆိပ်တို့ စစ်တပ်လက်ထဲ...
April 29, 2026
ချင်းပြည်တောင်ပိုင်း၊ မင်းတပ်မြို့နှင့် ၁၀ မိုင် ခန့်သာ ကွာဝေးပြီး ချင်း- ရခိုင်- မကွေး...
April 28, 2026
မလေးရှားသို့သွားရန် ကြိုးပမ်းစဉ် လမ်းခုလတ်တွင် အသက်ရှူကျပ်ကာ ကွယ်လွန်သွားခဲ့ရသည့် ချင်းလူငယ် Tg...