ဟားခါးမြို့တွင်း ထပ်မံပစ်ခတ်မှု လူနေအိမ်အဆောက်အအုံများ ပျက်စီး

ဟားခါးမြို့တွင်း ထပ်မံပစ်ခတ်မှု လူနေအိမ်အဆောက်အအုံများ ပျက်စီး

ချင်းပြည်နယ်၊ ဟားခါးမြို့တွင် စက်တင်ဘာလ ၉ ရက်နေ့ နံနက်ပိုင်း ၁ နာရီခန့်က စစ်ကောင်စီတပ်ဖွဲ့နှင့် CDF တို့အကြား မြို့တွင်း ထပ်မံပစ်ခတ်ခြင်းရှိခဲ့ပြီး တိုက်ပွဲပြင်းထန်မှုရှိခဲ့သောကြောင့် လူနေအိမ် အဆောက်အအုံပျက်စီးမှုများ ရှိသည်ဟု သိရသည်။

“တိုက်ပွဲက တော်တော်လေး ပြင်းထန်တယ်။ အထိခိုက်ကတော့မသိရသေးဘူး၊ အိမ်တွေပျက်စီးတာတော့ရှိတယ်၊ ဘယ်နှစ်အိမ်လောက် ပျက်စီးလဲမသိရသေးဘူး သေနတ်သံတွေလဲ တော်တော်များတယ်၊ ဗုံးသံလည်း အရမ်းများတယ် အရင်ညက သူတို့တိုက်တာထက် ပိုပြီးတော့များ တယ် မနက် ၄နာရီလောက်ကလည်း သေနတ်သံ ၂ ချက် ၃ ချက်လောက် ပြန်ကြားတယ်။ ဖြစ်တာကလဲ ဟိုတနေ့ကဖြစ်တဲ့နေရာပတ်ဝန်းကျင်ပဲ” ဟု ဟားခါးမြို့ခံတစ်ဦးက ပြောသည်။

အဆိုပါပသ်ခတ်မှုကြောင့် ဟားခါးမြို့၊ ချင်းဦးစီးရပ်ကွက်၊ မြန်မာ့စီးပွားရေးဘဏ်များနှင့် မရာဘုရားကျောင်းအနီးအနားတွင် လက််နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲကာ အဆောက်အအုံများပျက်စီးပြီး ဒဏ်ရာရ ထိခိုက်သူ ရှိ/မရှိကိုမှု မသိရှိရသေးပေ။

စက်တင်ဘာလ ၇ ရက်နေ့ ည ၁၀ နာရီအချိန်တွင်လည်း စစ်ကောင်စီတပ်ဖက်မှ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် လူနေအိမ်အချို့ ပျက်စီးမှုများရှိခဲ့ပြီး နေအိမ်အတွင်း ပုန်းခိုနေသော အမျိုးသားတစ်ဦးလည်း ပုခုံးတွင် ကျည်ထိမှန်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

February 18, 2026
အာဏာသိမ်းစစ်ကော်မရှင်၏ ပြန်လည်ထိုးစစ်ဆင်မှုများ ပိုပြင်းထန်လာနေသည့် ချင်းပြည်နယ်တွင် ယခုနှစ်...
February 17, 2026
စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်ရှိ ကျေးရွာတချို့မှာ အတင်းအဓမ္မ တပ်သားစုဆောင်းခံနေရသည့်အတွက်...
February 16, 2026
မြန်မာနိုင်ငံဘက်သို့ ကုန်စ္စည်းများပို့ဆောင်သည့် မီဇိုရမ်ပြည်နယ် လောင်တလိုင်မြို့က...
February 13, 2026
ချင်းပြည်နယ်မြောက်ပိုင်၊ ဖလမ်းမြို့နယ်ထဲကို စစ်ကြောင်းထိုးလာနေသော စစ်ကော်မရှင်တပ်များကို WITCH...