မြန်မာနိုင်ငံတွင် D-day ကြေညာပြီးနောက် မီဇိုရမ်တွင် စစ်ဘေးရှောင် များလာနိုင်ဖွယ်ရှိ

မြန်မာနိုင်ငံတွင် D-day ကြေညာပြီးနောက် မီဇိုရမ်တွင် စစ်ဘေးရှောင် များလာနိုင်ဖွယ်ရှိ

မြန်မာနိုင်ငံတွင် စစ်တင်ဘာ ၇ ရက်နေ့က D-day ကြေညာခဲ့ပြီးနောက် ချင်းပြည်နယ် မြို့နယ်အသီးသီးတို့တွင် တိုက်ပွဲများတဖြေးဖြေးပြင်ထန်လာမည်ကို စိုးရိမ်ပူပန်ကြသောကြောင့် မီဇိုရမ်ပြည်နယ်ဘက်ကို ထွက်ပြေးတိမ်း ရှောင်လာသူများ ရှိနေပြီ၊ ထွက်ပြေးတိမ်းရှောင်လာသူ ပိုများလာနိုင်ဖွယ်ရှိကြောင်း သိရသည်။

အမျိူးသားညီညွတ်ရေးအစိုးရအဖွဲ့ NUG က မြန်မာနိုင်ငံတွင် စက်တင်ဘာ ၇ ရက်နေ့က D-day ကြေညာခဲ့ပြီးနောက် ချင်းပြည်နယ် ထန်တလန်မြို့နယ်က စစ်ဘေးရှောင် အယောက် ၃၀ ခန့် မီဇိုရမ်ပြည်နယ် Sangau ကျေးရွာအနီး Pang ကျေးရွာကို ဝင်ရောက်လာပြီး Pang ကျေးရွာလူထုများက ကူညီစောင့်ရှောက်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ စစ်ဘေးရှောင် အယောက် ၃၀ တို့မှာ South Lungpher ကျေးရွာတွင် နေထိုင်ကြရန် South Lungpher ကျေးရွာကို ဆက်လက်ခရီးဆက်ခဲ့ကြသည်ဟု ဒေသတွင်းမီဒီယာများကဖော်ပြသည်။

စက်တင်ဘာ ၈ ရက်နေ့ကလည်း ထန်တလန်နယ်မှ စစ်ဘေးရှောင် အယောက် ၂၀ ကျော်  မီဇိုရမ်ပြည်နယ် Sangau ကျေးရွာဘက်ကို ဝင်ရောက်လာကြောင်း သိရပြီး မီဇိုရမ်ပြည်နယ်ကို ထွက်ပြေးတိမ်းရှောင် လာသော စစ်ဘေးရှောင်းများ လာနိုင်ဖွယ်ရှိကြောင်း သုံးသပ်ရသည်။

May 1, 2026
ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ် နှင့် မကွေးတိုင်းဆောမြို့နယ်၊ ကျောက်ထုဒေသအစပ်ကြားရှိ...
April 30, 2026
ချင်းပြည်နယ်မြောက်ပိုင်းက စစ်ရေးအချက်အချာကျသည့် ဖလမ်းမြို့နှင့် ဆူရ်းဘုန်လေဆိပ်တို့ စစ်တပ်လက်ထဲ...
April 29, 2026
ချင်းပြည်တောင်ပိုင်း၊ မင်းတပ်မြို့နှင့် ၁၀ မိုင် ခန့်သာ ကွာဝေးပြီး ချင်း- ရခိုင်- မကွေး...
April 28, 2026
မလေးရှားသို့သွားရန် ကြိုးပမ်းစဉ် လမ်းခုလတ်တွင် အသက်ရှူကျပ်ကာ ကွယ်လွန်သွားခဲ့ရသည့် ချင်းလူငယ် Tg...