သရက်ချောင်းတွင် ပရဟိတလူငယ် ၄ ဦး ဖမ်းဆီးခံရ

သရက်ချောင်းတွင် ပရဟိတလူငယ် ၄ ဦး ဖမ်းဆီးခံရ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင် သရက်ချောင်းမြို့က ပရဟတိလူငယ် ၄ ဦးကို အရပ်ဝတ်ထားသည့် လက်နက်ကိုင်အဖွဲ့က ဖမ်းဆီးသွားသည်ဟု ဒေသခံများက ပြောသည်။

သရက်ချောင်းမြို့၊ မော်ရှည်ကုန်းရပ်ကွက်တွင် ပရဟိတလုပ်နေသည့် လူငယ် ၄ ဦးကို အရပ်ဝတ်နှင့် လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။

မော်ရှည်ကုန်းရပ်ကွက်က စာသင်ကျောင်းအတွင်း COVID-19 လူနာများကြည့်ရှုပေးနေသည့် လူငယ် ၃ ဦးနှင့် လမ်းပေါ်တွင် ဆိုင်ကယ်ဖြင့် သွားလာသူ လူငယ်တစ်ဦးတို့ကို စက်တင်ဘာလ ၆ ရက် ညနေပိုင်းက ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ယနေ့အချိန်ထိ မည်သည့်နေရာသို့ ခေါ်ဆောင်သွားသည်ကို မသိရှိရသေးကြောင်း အသက် ၅၀ အရွယ် ဒေသခံတစ်ဦးက ပြောသည်။

"ဒီလူငယ်သုံးဦးက ပရဟိတအလုပ်တွေ လုပ်နေသူတွေပါ။ စာသင်ကျောင်းမှာ ကိုဗစ် Test Kit စစ်ပေးတာတွေ၊ လူနာတွေကို လိုအပ်တာ ကူညီကြည့်ရှုပေးနေပြီး အရေးပေါ်လူနာတွေကိုလည်း ထားဝယ်ဆေးရုံပို့ဆောင်ပေးတာတွေ လုပ်နေသူတွေပေါ့" ဟု မော်ရှည်ကုန်းရပ်ကွက်က အသက် ၅၀ အရွယ် ဒေသခံတစ်ဦးက ပြောသည်။

သရက်ချောင်းမြို့နယ်အတွင်းမှ စော်ဖျားကျေးရွာနှင့် မော်ရှည်ကုန်းရပ်ကွက်ရှိ နေအိမ်အချို့ကိုလည်း အင်အား နှစ်ဆယ်ကျော်ခန့်ရှိ စစ်ကောင်စီတပ်ဖွဲ့များက ရှောင်တခင် ဝင်ရောက်စစ်ဆေးခဲ့သည်ဟု ရွာသားများက ပြောသည်။

ထို့အပြင် ပစ်ခတ်မှုဖြစ်ပွားခဲ့သည့် သရက်ချောင်းမြို့နယ်၊ ကနက်သီရိကျေးရွာတွင်လည်း ပရဟိတလုပ်ငန်း လုပ်ကိုင်နေသည့် ကိုဗစ်-၁၉ စင်တာကို ဝင်ရောက်စီးနင်းခဲ့သဖြင့် ပရဟိတလုပ်ကိုင်နေသည့် လူငယ်များ ထွက်ပြေးနေရသည်ဟု ကနက်သီရိကျေးရွာသား အသက် ၂၅ နှစ် အရွယ် လူငယ်အမျိုးသားတစ်ဦးက ပြောသည်။

ကနက်သီရိကျေးရွာတွင် ဩဂုတ်လ ၃၀ ရက်ညက ပျူစောထီးဆိုသည့်အဖွဲ့ကို အမည်မသိလူတစ်စုက လာရောက်ပစ်ခတ်ခဲ့သဖြင့် အမျိုးသားသုံးဦး သေဆုံးခဲ့ပြီး တစ်ဦး ဒါဏ်ရာရရှိခဲ့သည်။

ဓါတ်ပုံ - Dawei Watch

 
 

 

 

Most read this week

ပုံဟောင်း (တပ်မတော်လေ)
August 3, 2026
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ ညောင်နှစ်ပင်ကျေးရွာအနီးတွင် ယနေ့ (ဩဂုတ်လ ၃ ရက်)...
August 3, 2026
အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ၏ ကိုယ်စားလှယ်တစ်ဦးသည် ဩဂုတ်လ ၃ ရက်နေ့တွင် နိုင်ငံတော်...
ဓါတ်ပုံ - RSM
August 3, 2026
ကချင်ပြည်အတွင်းက ဗန်းမော်၊ ရွှေကူနှင့် ခေါင်လန်ဖူးဒေသများတွင် တိုက်ပွဲများ အပြင်းအထန်...
August 3, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC...