ပြည်ဗုံးကွဲမှု သံသယဖမ်းဆီးခံ ညီအစ်ကိုအနက် တစ်ဦးသေဆုံး

ပြည်ဗုံးကွဲမှု သံသယဖမ်းဆီးခံ ညီအစ်ကိုအနက် တစ်ဦးသေဆုံး

ပဲခူးတိုင်းဒေသကြီး အနောက်ခြမ်း ပြည်မြို့ရှိ ခေတ္တရာပန်းခြံ ဗုံးပေါက်ကွဲမှုအပြီး ဖမ်းဆီးခံလိုက်ရသည့် လူငယ်ညီအစ်ကိုနှစ်ဦးအနက် အစ်ကိုဖြစ်သူသည် နာရီပိုင်းအတွင်း သေဆုံးသွားသည်ဟု စစ်ကောင်စီဘက်က အကြောင်းလာသည်ဟု ရပ်ကွက်နေပြည်သူများက ပြောသည်။

ပြည်မြို့ ကျောင်းကြီးအိုးတန်းရပ်ကွက်နေ အသက် ၂၀ အရွယ် ကိုရန်ပိုင်ဖြိုး (ခ) အငဲနှင့် အသက် ၃၀ အရွယ် ကိုဇော်လင်းထက်တို့ ညီအကိုနှစ်ဦးကို ဗုံးပေါက်ကွဲမှုအပြီး ဖမ်းဆီးသွားကြောင်း၊ ထို့နောက် နာရီပိုင်းအတွင်း သေဆုံးသွားသူမှာ ကိုဇော်လင်းထက်ဖြစ်ကြောင်း အကြောင်းကြလာသည်ဟု ဒေသခံများက ပြောသည်။

“သူကို စဖမ်းကတည်းက တရစပ် ရိုက်နှက်သွားတာ။ ည ၈ နာရီလောက်ကျတော့ ကုတင် ၁၀၀ စစ်ဆေးရုံမှာ ဆုံးသွားတယ်ဆို အကြောင်းကြားတာ” ဟု ကျောက်ကြီးအိုးတန်းရပ်ကွက်နေ ပြည်သူတစ်ဦးက ပြောသည်။

စက်တင်ဘာ ၆ ရက် နေ့လည် ၂ နာရီခွဲ အချိန်ခန့်က ခေတ္တရာခန်းမနှင့် ပန်းခြံရှိ စစ်ကောင်စီစခန်းကို ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် စကစအဖွဲ့ဝင် ၅ ဦး ဒဏ်ရာရကာ ၃ ဦး သေဆုံးခဲ့သည်။

ထို့နောက် အဆိုပါနေရာအနီးတဝိုက် လုံခြုံရေးတင်းကြပ်ထားပြီး အထက်ပါညီအစ်ကိုနှစ်ဦးအပါအဝင် အခြားလူငယ် ၃ ဦးကိုလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးသွားသည်ဟု ၎င်းတို့နှင့် နီးစပ်သူများက ပြောသည်။

ဖမ်းဆီးခံရသည့် လူငယ် ၃ ဦးသည် ဗုံးပေါက်ကွဲမှုနှင့် မသက်ဆိုင်ဘဲ ပြီးခဲ့သောရက်ပိုင်းက ပြည်မြို့နယ် အခြေခံပညာအထက်တန်း ကျောင်းသားများသမဂ္ဂအဖွဲ့ဝင် ကျောင်းသား ၄ ဦး အဖမ်းခံရပြီး နောက်ဆက်တွဲကိစ္စဖြင့် လာရောက်ဖမ်းဆီးသွားခြင်းဖြစ်နိုင်သည်ဟုလည်း ရပ်ကွက်အတွင်း သုံးသပ်ပြောဆိုနေကြသည်။

ယင်းဗုံးပေါက်ကွဲမှုနှင့်ပတ်သက်၍ Pyay Underground Force (PUGF) က ‌စစ်ကောင်စီစခန်းချထားသည့် သီရိခေတ္တရာ ရတနာမြို့တော်ခန်းမကို ယနေ့နေ့လည်က ဗုံးခွဲတိုက်ခိုက်ခဲ့ပြီး လုံခြုံသည့်နေရာကို ပြန်လည်ရောက်ရှိနေပြီဟု ၎င်းတို့၏ လူမှူကွန်ယက်စာမျက်နှာတွင် ဖော်ပြထားသည်။

Most read this week

ပုံဟောင်း (တပ်မတော်လေ)
August 3, 2026
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ ညောင်နှစ်ပင်ကျေးရွာအနီးတွင် ယနေ့ (ဩဂုတ်လ ၃ ရက်)...
August 3, 2026
အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ၏ ကိုယ်စားလှယ်တစ်ဦးသည် ဩဂုတ်လ ၃ ရက်နေ့တွင် နိုင်ငံတော်...
ဓါတ်ပုံ - RSM
August 3, 2026
ကချင်ပြည်အတွင်းက ဗန်းမော်၊ ရွှေကူနှင့် ခေါင်လန်ဖူးဒေသများတွင် တိုက်ပွဲများ အပြင်းအထန်...
August 3, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC...