ဖျာပုံတွင် အုပ်ချုပ်ရေးမှူးတစ်ဦး သေနတ်ပစ်ခံရပြီး ဒဏ်ရာရ

ဖျာပုံတွင် အုပ်ချုပ်ရေးမှူးတစ်ဦး သေနတ်ပစ်ခံရပြီး ဒဏ်ရာရ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦး သြဂုတ်လ ၅ ရက်နေ့ ညနေပိုင်းက သေနတ်ဖြင့် ပစ်ခတ်ခံရ၍ ဒဏ်ရာရရှိခဲ့သည်ဟု အုပ်ချုပ်ရေးပိုင်း တာဝန်ရှိသူက ပြောသည်။

အမည်မသိ သေနတ်သမား၏ ပစ်ခတ်မှုကြောင့် အမှတ် ၄ ရပ်ကွက်၏ အုပ်ချုပ်ရေးမှူး ဦးပုချို၏ပေါင်ကို နှစ်ချက်ထိမှန်ကာ ဒဏ်ရာရရှိခဲ့ပြီး လက်ရှိတွင် ဆေးကုသမှုခံယူနေရသည်ဟု ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့ဝင်နှင့် ရဲတပ်ဖွဲ့ဝင်များက ပြောသည်။

"ညနေ ၆ နာရီခန့်မှာ ဦးချိုပုက ခြင်းခတ်ပြီး ပြန်အလာ ဆိုင်ကယ်တစ်စီးက လိုက်ပြီးပစ်တာ။ ပစ်ပြီး ဆိုင်ကယ်ကို မောင်းပြေးသွားတယ်" ဟု ဖျာပုံမြို့ ရဲတပ်ဖွဲ့က ပြောသည်။

သေနတ်သမားက ဆိုင်ကယ်ကိုရပ်၍ ပစ်ခတ်ခဲ့ပြီး၊ ထိုသို့ပစ်ခတ်ခံရစဉ် ဦးပုချိုက ဝပ်လိုက်သဖြင့် အသက်အန္တရာယ်ရှိနိုင်သည့်နေရာကို မထိခဲ့ကြောင်း ထို့နောက် ဆိုင်ကယ်ကို ပြန်မောင်းထွက်ချိန်တွင် ၂ ချက် ထပ်မံပစ်ရာ ပေါင်ကို ထိမှန်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်အဖြစ်မှ နုတ်ထွက်ထားသူ ဦးအောင်ကြီးက ဖျာပုံမြို့နယ်အတွင်းက အခြေအနေနှင့်ပတ်သက်၍ "ဒလန် အမည်ပေါက်သူတွေနဲ့ တချို့အုပ်ကြီးတွေ ခြိမ်းခြောက်ခံနေရတယ်။ လုံခြုံမှုမရှိဘူး ဖြစ်နေတယ်။ တာဝန်ရှိတဲ့ အဖွဲ့အစည်းကလည်း အကာအကွယ်လည်း မပေးနိုင်ဘူး" ဟု ပြောသည်။

ဖျာပုံခရိုင် မြို့နယ် ၄ ခု အတွင်းရှိ ရပ်ကွက် ကျေးရွာ အုပ်ချုပ်ရေးမှူးများအား လေးဂွနှင့် ဓားမြှောင်ကဲ့သို့သော လက်နက်များကိုင်ဆောင်၍ အထူးသတိထား သွားလာကြရန် ဖျာပုံခရိုင် စစ်ကောင်စီက သြဂုတ်လ ၂၁ ရက်နေ့က ညွှန်ကြားချက် ထုတ်ပြန်ထားသည်။

 
 

 

 

Most read this week

ပုံဟောင်း (တပ်မတော်လေ)
August 3, 2026
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ ညောင်နှစ်ပင်ကျေးရွာအနီးတွင် ယနေ့ (ဩဂုတ်လ ၃ ရက်)...
August 3, 2026
အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ၏ ကိုယ်စားလှယ်တစ်ဦးသည် ဩဂုတ်လ ၃ ရက်နေ့တွင် နိုင်ငံတော်...
ဓါတ်ပုံ - RSM
August 3, 2026
ကချင်ပြည်အတွင်းက ဗန်းမော်၊ ရွှေကူနှင့် ခေါင်လန်ဖူးဒေသများတွင် တိုက်ပွဲများ အပြင်းအထန်...
August 3, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC...