မင်းတုန်းမှ လူငယ် ၈ ဦး PDF ဟုဆိုကာ ဖမ်းဆီးခံရ

မင်းတုန်းမှ လူငယ် ၈ ဦး PDF ဟုဆိုကာ ဖမ်းဆီးခံရ

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းတုန်းမြို့တွင် စစ်ကောင်စီတပ်များက လူငယ် ၈ ဦးကို PDF ဟု စွပ်စွဲကာ ဖမ်းဆီးသွားကြောင်း ဒေသခံများက ပြောသည်။

ဖမ်းဆီးခံရသည့် လူငယ်များမှာ အမှတ် ၄ ရပ်ကွက်အတွင်း နေထိုင်သူ လူငယ်များဖြစ်ပြီး စက်တင်ဘာလ ၃ ရက် ည ၁၁ နာရီအချိန်ခန့်တွင် စစ်ကား ၄ စီးဖြင့် ဝင်ရောက်ဖမ်းဆီးသွားခြင်းဖြစ်သည်။

”PDF ဆိုပြီးဖမ်းတာ။ ဘာမှန်းကိုမသိတော့ဘူး။ ၈ ယောက်ပါသွားတယ် အသက်မပြည့်သူတွေများတယ်” ဟု အမှတ် ၄ ရပ်ကွက်တွင် နေထိုင်သူတစ်ဦးက ပြောသည်။

 

ဖမ်းဆီခံသူများ၏ မိဘများကို ဆက်သွယ်အတည်ပြုရာ ဖမ်းဆီးကာစဖြစ်၍ ကလေးများအတွက် ဖိအားပိုများသွားမည်ကို စိုးရိမ်ပြီး မေးမြန်းချက်အား ဖြေကြားရန် အဆင်မပြေဘူးဟု ပြောသည်။

”ကလေးတွေက အုပ်စုလိုက် ချောင်းဖျားကို ပျော်ပွဲစား ခဏခဏထွက်ကြတယ် စားစရာတွေ ပါဆယ်ထုတ်ယူသွားတာကို မသင်္ကာဖြစ်တယ်နဲ့တူတယ်” ဟု အသက် ၄၅ နှစ်အရွယ် မြို့ခံတစ်ဦးက ပြောသည်။

အာဏာသိမ်းစစ်ကောင်စီတပ်များက မင်းတုန်းနှင့် ရခိုင်ရိုးမကြားတွင် PDF များ၊ CDM ဝန်ထမ်းများ ပုန်းခိုသည်ဆိုသည့် ကိစ္စရပ်များအပေါ် သံသယရှိနေသည်ဟုလည်း ဒေသခံများက ဆိုသည်။

ပြီးခဲ့သည့်ရက်ပိုင်းက မင်းတုန်းမြို့နယ် လက်ပံဝကျေးရွာက လူငယ်တစ်ဦးကိုလည်း သရက် PDF အဖွဲ့နှင့် ဆက်သွယ်သည်ဟုဆိုကာ စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးသွားသည်။

ထိုဖမ်းဆီးခံရသူ၏ နောက်ဆုံးအခြေအနေကိုလည်း မည်သူမှ ဂဃနဏမသိကြဘူးဟု ဒေသခံများက ဆိုသည်။

 
 

 

 

May 8, 2026
တော်လှန်ရေး အင်အားစုများ နှစ်နှစ်ကျော်ကြာ စိုးမိုးထားသည့် မော်လူးမြို့ကို ပြန်လည်စီးနင်းလိုက်သော...
May 7, 2026
တနင်္သာရီတိုင်းဒေသကြီး၏ အဓိကကုန်သွယ်ရေး သွေးကြော ဖြစ်သော ရန်ကုန်-ထားဝယ် ကားလမ်းမပေါ်ရှိ...
May 6, 2026
စစ်အုပ်စု၏ သာလွန်အင်အားဖြင့် ထိုးစစ်ဆင် တိုက်ခိုက်မှုများကြောင့် သိမ်းပိုက်ထိန်းချုပ်ထားသည့်...
May 5, 2026
စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့ကို ပြန်လည်ထိန်းချုပ်ခဲ့သည့် စစ်တပ်သည် အမျိုးသားညီညွတ်ရေး...