ရန်ကုန် တိရစ္ဆာန်ဉယျာဉ် အဖွဲ့ငယ်လည်ပတ်ခွင့် ခွင့်ပြု

ရန်ကုန် တိရစ္ဆာန်ဉယျာဉ် အဖွဲ့ငယ်လည်ပတ်ခွင့် ခွင့်ပြု

ရန်ကုန်တိရစ္ဆာန်ဥယျာဉ်အတွင်း Private Tour (သီးသန့် အဖွဲ့လိုက်) အစီအစဉ်ဖြင့် လည်ပတ်ခွင့်အား စက်တင်ဘာလ ၁ ရက်နေ့မှစတင်၍ ဖွင့်လှစ်ခဲ့သည်ဟု တိရစ္ဆာန်ဥယျာဉ် တာဝန်ရှိသူတစ်ဦးက အတည်ပြုပြောသည်။

ဝင်ရောက်လည်ပတ်နိုင်ရန် လူတစ်ဦးလျှင် ၅၀၀၀ ကျပ်နှုန်းဖြင့် အနည်းဆုံး ၂ ယောက်မှ ၁၀ ယောက်အဖွဲ့များအထိ လက်ခံပေးသွားမည်ဖြစ်ပြီး တစ်ရက်လျှင် အဖွဲ့ ၃၀ အထိ ခွင့်ပြုပေးသွားမည်ဟု ၎င်းတာဝန်ရှိသူက ပြောသည်။

ထိုသို့ အဖွဲ့လိုက် လည်ပတ်ခွင့် ဖွင့်လှစ်ပေးလိုက်သော်လည်း နေ့စဉ် ဝင်ရောက်လည်ပတ်သူ နည်းပါးလျက်ရှိနေပြီး သတ်မှတ်စံချိန် မမှီသေးဟု ရုံဝင်ကြေးကောက်ခံရေး တာဝန်ယူထားသူတစ်ဦးက ပြောသည်။

ရန်ကုန်မြို့မှ ခရီးသွားလာရေးလုပ်ငန်း လုပ်နေကိုင်နေသူတစ်ဦးက "တယောက် ၅၀၀၀ ကျပ်ဆိုတာ များတာပေါ့၊ မိသားစုများတဲ့သူတွေ ဘယ်လိုသွားနိုင်မှာလဲ၊ တိရိစ္ဆာန်တွေကလည်း စုံစုံလင်လင်ရှိတာမဟုတ်ဘူး" ဟု ပြောသည်။

စစ်တပ်က အာဏာမသိမ်းခင်က ရန်ကုန်တိရိစ္ဆာန်ရုံ ဝင်ရောက်လည်ပတ်ရန် တစ်ဦးလျှင် ဝင်ကြေး ၁၀၀၀ ကျပ်သာ ပေးဆောင်ခဲ့ရာမှ ယခုခါ တစ်ဦးလျှင် ၅၀၀၀ ကျပ်အထိ တိုးမြင့်ကောက်ခံနေခြင်းဖြစ်သည်။

တိရစ္ဆာန်များအား အစာဝယ်ယူကျွေးချင်သူများအတွက် နံနက် ၉ နာရီမှ ၁၀ နာရီအချိန်ထိ အစာခြင်းများကိုလည်း စီစဉ်ရောင်းချပေးသွားမည်ဟု တိရိစ္ဆာန်ဥယျဉ်ရုံးအဖွဲ့က ကြော်ငြာထားသည်။

အရေအတွက် ကန့်သတ်ချက်များရှိသည့်အတွက် Booking ကြိုတင်စာရင်းပေးသွင်းရန် လိုအပ်ကြောင်းကိုလည်း ကြော်ငြာစာထဲတွင် ဖေါ်ပြထားသည်။

 
 

 

 

Most read this week

August 4, 2026
ပဲခူးတိုင်း၊ ဒိုက်ဦးအကျဉ်းထောင်အတွင်း အမျိုးသမီးနိုင်ငံရေးအကျဉ်းသူ ၂၇ ဦးမှာ...
ပုံဟောင်း (တပ်မတော်လေ)
August 3, 2026
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ ညောင်နှစ်ပင်ကျေးရွာအနီးတွင် ယနေ့ (ဩဂုတ်လ ၃ ရက်)...
August 3, 2026
အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ၏ ကိုယ်စားလှယ်တစ်ဦးသည် ဩဂုတ်လ ၃ ရက်နေ့တွင် နိုင်ငံတော်...
ဓါတ်ပုံ - RSM
August 3, 2026
ကချင်ပြည်အတွင်းက ဗန်းမော်၊ ရွှေကူနှင့် ခေါင်လန်ဖူးဒေသများတွင် တိုက်ပွဲများ အပြင်းအထန်...