ဝိုင်းမော် စစ်ရှောင်များ နေစရာအခက်ကြုံ

ဝိုင်းမော် စစ်ရှောင်များ နေစရာအခက်ကြုံ

မကြာခဏ ပစ်ခတ်မှုများဖြစ်ပွားနေသည့် ဝိုင်းမော်မြို့ ခလရ ၅၈ တပ်အနီးမှာရှိ မဒိန်ကျေးရွာနှင့် ခါ့ကွမ်ကျေးရွာက စစ်ရှောင်အချို့ နေစရာအခက်အခဲဖြစ်နေသည်ဟု ဒေသခံများနှင့် အသင်းတော်တာဝန်ရှိသူများက ပြောသည်။

လော်ဝေါ် နှစ်ခြင်းအသင်းတော် ဘုရားကျောင်းဝင်း ဟောခန်းမတွင် ရောက်ရှိနေသည့် လူဦးရေ ၉၀ ခန့်သည် COVID-19 ကာလအတွင်း စုပေါင်းနေထိုင်နေရ၍ တစ်လခန့်ကြာမြင့်လာချိန်တွင် အခက်အခဲများ ပိုများလာကြောင်း အသင်းတော်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

"ဖြစ်နိုင်ရင် တစ်အိမ်ထောင်နဲ့တစ်အိမ်ထောင် အိပ်တဲ့အခါမှာ မိသားစုတစ်စုကို ခန်းစီးဖြစ်ဖြစ် ကလာကာဖြစ်ဖြစ် လုပ်ရင်တော့ ပိုကောင်းမယ်ထင်တယ်။ အခုက လူအရမ်းများတော့လေ ကိုဗစ်က တစ်မှောက်ဆိုတော့ တအား စိုးရိမ်နေရတဲ့ အခြေအနေကြုံနေရတယ်" ဟု ၎င်းကပြောသည်။

ဝိုင်းမော် ခလရ ၅၈ စစ်တပ်ဘေးရှိ မဒိန်ကျေးရွာနှင့် ခါ့ကွမ်ကျေးရွာရှိ လူနေအိမ်များ လက်နက်ကြီးထိမှန် ပျက်စီးခဲ့ပြီးနောက် ရွာသားများ အိမ်မွေးတိရိစ္ဆာန်များကို ရရာဈေးများနှင့် ရောင်းချပြီး ဆွေမျိုးနီးစပ်များနေထိုင်သည့် အခြားကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။

လော်ဝေါ်နှစ်ခြင်းအသင်းတော် ဘုရားကျောင်းသို့ ထွက်ပြေးတိမ်းရှောင်လာသူ အိမ်ထောင်စု ၂၁ စု၊ လူဦးရေ စုစုပေါင်း ၈၅ ယောက်ရှိပြီး ကချင်လူမျိုးအများစုနှင့် ဗမာလူမျိုးအနည်းငယ် ပါဝင်သည်။

နေရပ်စွန့်ပြီး ထွက်ပြေးလာကြသူအများစုသည် တောင်ယာလုပ်ငန်းလုပ်ကိုင်သူများ ဖြစ်ကြသည်။

ဝိုင်းမော်အခြေစိုက် ခလရ ၅၈ တပ်ရင်းအနီး ဇူလိုင်လ ၃၁ ရက်နေ့ကတည်းက တိုက်ပွဲများဖြစ်ပွားခဲ့ရာ ယနေ့အချိန်ထိ စစ်ကောင်စီတပ်များက တိုက်ပွဲများ တစ်စုံတစ်ရာ ဖြစ်ပွားခြင်းမရှိသော်လည်း မကြာခဏ ကျေးရွာများထဲ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်လျှက်ရှိသည်ဟု ဒေသခံများက ပြောသည်။

ဩဂုတ်လ ၂၇ ရက်နေ့က ဝိုင်းမော်မြို့နယ်၊ မဒိန်ကျေးရွာက ဦးခေါဇုန်းနှင့် ဩဂုတ်လ ၁၃ ရက်နေ့ ညနေ ဝိုင်းမော်စျေးမှ ပြန်လာသည့် ဝူယန်ငေါ့ချန်းရပ်ကွက်က အသက် ၃၃ နှစ်အရွယ် ဒေါ်ဆောင်ပြုံးတို့သည် ခလရ ၅၈ တပ်ရင်းက ပစ်ခတ်လိုက်သည့် သေနတ်ကျည်ထိမှန်ပြီး သေဆုံးခဲ့ကြရသည်။

ထို့အပြင် ခလရ ၅၈ တပ်ရင်းက လက်နက်ကြီး လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်နေမှုများကြောင့် အနီးအနားကျေးရွာများက ဒေသခံများ၏ နေအိမ်များအချို့ ပျက်စီးမှုများရှိနေသည့်အပြင် အိမ်မွေးတိရိစ္ဆာန်များ ထိမှန်သေဆုံးမှုများ ရှိခဲ့သည်။

 
 

 

 

May 8, 2026
တော်လှန်ရေး အင်အားစုများ နှစ်နှစ်ကျော်ကြာ စိုးမိုးထားသည့် မော်လူးမြို့ကို ပြန်လည်စီးနင်းလိုက်သော...
May 7, 2026
တနင်္သာရီတိုင်းဒေသကြီး၏ အဓိကကုန်သွယ်ရေး သွေးကြော ဖြစ်သော ရန်ကုန်-ထားဝယ် ကားလမ်းမပေါ်ရှိ...
May 6, 2026
စစ်အုပ်စု၏ သာလွန်အင်အားဖြင့် ထိုးစစ်ဆင် တိုက်ခိုက်မှုများကြောင့် သိမ်းပိုက်ထိန်းချုပ်ထားသည့်...
May 5, 2026
စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့ကို ပြန်လည်ထိန်းချုပ်ခဲ့သည့် စစ်တပ်သည် အမျိုးသားညီညွတ်ရေး...