“ဒလန်” တစ်ဦးအား သတ်ဖြတ်ခဲ့ကြောင်း ဗိဿနိုး PDF ထုတ်ပြန်

“ဒလန်” တစ်ဦးအား သတ်ဖြတ်ခဲ့ကြောင်း ဗိဿနိုး PDF ထုတ်ပြန်

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်အတွင်း စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဦးအောင်စိုးမင်း စက်တင်ဘာလ ၁ ရက်က ပစ်သတ်ခဲ့ကြောင်း ဗိဿနိုးနယ်မြေ ပြည်သူ့ကာကွယ်ရေးတပ်မတော်က ကြေညာသည်။

မယ်ဇလီပင်ကျေးရွာက စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဦးအောင်စိုးမင်းကို စစ်ကောင်စီသတင်းပေး “ဒလန်” ဟု ဆိုကာ ဗိဿနိုးနယ်မြေ ပြည်သူ့ကာကွယ်ရေးအဖွဲ့က စက်တင်ဘာလ ၁ ရက်က သေနတ်ဖြင့်ပစ်ခတ်၍ သေဆုံးသွားကြောင်း ဗိဿနိုးနယ်မြေ ပြည်သူ့ကာကွယ်ရေးတပ်မတော် ပြန်ကြားရေးတာဝန်ခံ ဗိုလ်တန်ထွဋ်က ထုတ်ပြန်ခဲ့သည်။

ကျေးရွာ အုပ်စုအုပ်ချုပ်ရေးအဖြစ် ခန့်အပ်ထားသည့် ဦးအောင်စိုးမင်းအား ၎င်း၏နေအိမ်ဝန်းအတွင်း ည ၆ နာရီခွဲအချိန်ခန့်က သေနတ်ဖြင့် ၁၅ ချက်ပစ်၍ “မြေသြဇာအဖြစ်ပြောင်းလဲပေးခဲ့ကြောင်း” ဗိုလ်တန်ထွဋ် ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ဦးအောင်စိုးမင်းသည် စစ်ကောင်စီအလိုကျ ကျေးရွာနေပြည်သူလူထုအား ဖိနှိပ်ခြင်း၊ ခြိမ်းခြောက်ခြင်းနှင့် စစ်ကောင်စီအား သတင်းပေးခြင်းများ ဆောင်ရွက်နေသူဖြစ်၍ ဗိဿနိုးနယ်မြေ ပြည်သူ့ကာကွယ်ရေးတပ်မတော် ပြန်ကြားရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

ကျွန်ုပ်တို့အနေဖြင့် မြို့သစ်မြို့နယ်အတွင်း နေထိုင်လျက်ရှိသည့် အကြမ်းဖက်စစ်ကောင်စီ၏ လက်ပါးစေများ၊ သတင်းပေး ဒလန်များနှင့် ၎င်းတို့၏ မိသားစုဝင်များ၊ နှီးနွယ်ဆက်စပ်သူများအား အသက်၊ အိုးအိမ်၊ စည်းစိမ်တို့နှင့်ပတ်သက်၍ လုံးဝ (လုံးဝ) တာဝန်ယူမည်မဟုတ်ပါကြောင်း အထူးသတိပေးချက် ထုတ်ပြန်လိုက်သည်ဟု ထည့်သွင်းထုတ်ပြန်ထားသည်။

ကျွန်ုပ်တို့ ဗိဿနိုးနယ်မြေ ပြည်သူ့ကာကွယ်ရေးတပ်မတော်အနေဖြင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် ပူးပေါင်းကာ စစ်အာဏာရှင်စနစ် အမြစ်ပြုတ်သည်အထိ တိုက်ခိုက်သွားမည်ဖြစ်ပြီး ပြည်သူလူထုအနေဖြင့်လည်း ပူးပေါင်းပါဝင်ကြပါရန် လေးစားစွာ မေတ္တာရပ်ခံအပ်ကြောင်းလည်း အသိပေးတိုက်တွန်းထားသည်။

Most read this week

February 11, 2026
စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲသည် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ရန် လမ်းဖွင့်ပေး...
February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...
February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...