တောင်တွင်းကြီးတွင် နှစ်လအတွင်း သေဆုံးသူ ၂၀၀ ကျော်ရှိ

တောင်တွင်းကြီးတွင် နှစ်လအတွင်း သေဆုံးသူ ၂၀၀ ကျော်ရှိ

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်၌ ဇူလိုင်နှင့် သြဂုတ် နှစ်လအတွင်း COVID-19 ကပ်ရောဂါကြောင့် သေဆုံးသူ ၂၀၀ ကျော်အထိရှိကြောင်း တောင်တွင်ကြီးမြို့ စိတ္တသုခ လူမူကူညီရေးအသင်း၏ စာရင်းများအရ သိရသည်။

ဇူလိုင်လအတွင်းက ဆေးရုံတွင် သေဆုံးသူ ၅၀ ကျော်နှင့် နေအိမ်သေဆုံးသူ ၆၀ ခန့်ရှိကာ စုစုပေါင်း ၁၁၁ ဦး ပို့ဆောင်သဂြိုလ်ပေးခဲ့ရပြီး သြဂုတ်လအတွင်း အမျိုးသား ၆၇ ဦးနှင့် အမျိုးသမီး ၅၁ ဦးတို့၏ ရုပ်အလောင်းများအား စိတ္တသုခ လူမူကူညီရေးအသင်းက တာန်ရှိသူတစ်ဦးက ပြောသည်။

“အသင်းတည်ထောင်တဲ့ သမိုင်းတလျှောက်မှာ နာရေးပို့ဆောင်ပေးရတာ အများဆုံးကာလပါ” ဟု ၎င်းကပြောသည်။

စိတ္တသုခ လူမူကူညီရေးအသင်း တည်ထောင်လာခဲ့သည်မှာ (၁၅) နှစ် ကြာမြင့်ပြီဖြစ်သည်။

COVID-19 ကပ်ရောဂါဖြင့် သေဆုံးသူများကို စိတ္တသုခလူမှုကူညီရေးအသင်းအနေဖြင့် အချိန်နှင့်တပြေးညီ ပို့ဆောင်သဂြိုလ်ပေးခဲ့ကြောင်း အသင်းတာဝန်ရှိသူက ပြောသည်။

မကွေးတိုင်းဒေသကြီးအတွင်းရှိ အခြားမြို့နယ်များမှ လူမှုကူညီရေး ပရဟိတအသင်းများအနေဖြင့်လည်း တောင်တွင်းကြီးမှ ပရဟိတအသင်းကဲ့သို့ COVID-19 ကပ်ရောဂါ တတိယလှိုင်းအတွင်းက သေဆုံးသူများ၏စာရင်းကို ထုတ်ပြန်နိုင်လျှင် ကိုဗစ်နှင့်ပတ်သက်၍ အားလုံးက အလေးအနက်ရှိလာနိုင်မည်ဟု ဒေသခံတစ်ဦးက ပြောသည်။

 
 

 

 

Most read this week

August 4, 2026
ပဲခူးတိုင်း၊ ဒိုက်ဦးအကျဉ်းထောင်အတွင်း အမျိုးသမီးနိုင်ငံရေးအကျဉ်းသူ ၂၇ ဦးမှာ...
ပုံဟောင်း (တပ်မတော်လေ)
August 3, 2026
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ ညောင်နှစ်ပင်ကျေးရွာအနီးတွင် ယနေ့ (ဩဂုတ်လ ၃ ရက်)...
August 3, 2026
အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ၏ ကိုယ်စားလှယ်တစ်ဦးသည် ဩဂုတ်လ ၃ ရက်နေ့တွင် နိုင်ငံတော်...
ဓါတ်ပုံ - RSM
August 3, 2026
ကချင်ပြည်အတွင်းက ဗန်းမော်၊ ရွှေကူနှင့် ခေါင်လန်ဖူးဒေသများတွင် တိုက်ပွဲများ အပြင်းအထန်...