PDF အဖေကို မတွေ့သဖြင့် သမီးနှင့်သမက်ကိုဖမ်း

PDF အဖေကို မတွေ့သဖြင့် သမီးနှင့်သမက်ကိုဖမ်း

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ဖခင်ဖြစ်သူကို မတွေ့သဖြင့် သမီးနှင့်သမက်ကို ဖမ်းဆီးပြီး ကသာထောင်သို့ပို့လိုက်ကြောင်း မိသားစုဝင်တစ်ဦးက ပြောသည်။

သြဂုတ် ၃၁ ရက် နံနက် ၇ နာရီခန့်က ကသာမြို့နယ်အတွင်း ဖခင်ဖြစ်သူကို မတွေ့သဖြင့် ထမင်းဟင်းချက်နေသည့် လင်မယားနှစ်ဦးကို စစ်ကောင်စီတပ်များက ဖမ်ဆီးပြီး ယနေ့ စက်တင်ဘာလ ၁ ရက်တွင် ကသာထောင်သို့ ခေါ်ဆောင်သွားကြောင်း ၎င်းက ပြောသည်။

၎င်းတို့၏ “မိခင်ဖြစ်သူကလည်း ရှောင်နေရတာ“ ဟု မိသားစုဝင်တစ်ဦးက ပြောသည်။

သမီးနှင့်သားသည် အိမ်ထောင်ခွဲနေထိုင်ပြီး ယင်းနေ့က မိခင်နေမကောင်း၍ ထမင်းဟင်းလာကူချက်ပေးနေစဉ် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးခံရသည့် လင်မယားနှစ်ဦးက အသက် ၂၇ နှစ်ခန့်ရှိပြီး သားသမီးနှစ်ဦးကျန်ခဲ့သည်ဟု ဒေသခံအချို့က ပြောသည်။

ထို့အပြင် တဲ၌ချည်ထားသော နွားတကောင်ကိုလည်း ပစ်သတ်ခဲ့ပြီး တဲကိုမီးရှို့ထားခဲ့ကာ တူမီး ၇ လက်ခန့်ကိုလည်း စစ်ကောင်စီတပ်က သိမ်းဆည်းသွားကြောင်း သိရသည်။

စစ်ကောင်စီတပ်များက PDF များကို ထောက်ခံကူညီသည်ဟုဆိုက မိုးတားကြီး၊ မိုးတားလေးအနီးတဝိုက်ရှိ ရွာများကိုဝင်ရောက်၍ ပြည်သူများ၏ အိမ်များ၊ တဲများ၊ ထော်လာဂျီးကို မီးရှို့ခြင်း၊ နွားကို ပစ်သတ်ခြင်း၊ ငွေကြေး၊ ဖုန်းအပါအဝင် အသုံးဝင်သည့် တန်ဖိုးရှိပစ္စည်း ယူဆောင်ခြင်းများကို ၄ ကြိမ်ထက်မနည်း ပြုခဲ့သည်။

 
 

 

 

Most read this week

February 11, 2026
စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲသည် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ရန် လမ်းဖွင့်ပေး...
February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...
February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...