ဖမ်းဆီးခံသတင်းထောက် သုံးရက်ကြာသည်အထိ အဆက်အသွယ်မရ

ဖမ်းဆီးခံသတင်းထောက် သုံးရက်ကြာသည်အထိ အဆက်အသွယ်မရ

ဧရာဝတီတိုင်း၊ ဖျာပုံမြို့အခြေစိုက် သတင်းထောက်လုပ်ဖူးသူ ကိုမျိုးစံစိုးကို စစ်ကောင်စီ၏ တပ်ဖွဲ့ဝင်များက ဖမ်းဆီးထားသည်မှာ ၃ ရက်ကြာမြင့်သည်အထိ အဆက်အသွယ်မရသဖြင့် မိသားစုဝင်များက စိုးရိမ်ပူပန်နေကြသည်။

သြဂုတ်လ ၂၉ ရက်နေ့ ညနေပိုင်းက Delta News Agency ၏ သတင်းထောက်ဟောင်းဖြစ်သူ ကိုမျိုးစံစိုးကို ၎င်း၏နေအိမ်တွင် စစ် ကောင်စီတပ်ဖွဲ့ဝင်များက လာရောက်ဖမ်းဆီးသွားခဲ့ပြီး ယနေ့အချိန်ထိ မည်သည့်နေရာတွင် ချုပ်နှောင်ထားသည်ကို မသိရသေးဟု မိသားစုဝင်များက ပြောသည်။

"အကြောင်းပြချက် တစ်စုံတစ်ရာမပြောပဲ လာဖမ်းသွားတာ။ ဘယ်ခေါ်သွားလဲမသိရဘူး။ မိဘဆွေမျိုးတွေနဲ့ ပရဟိတအဖွဲ့ဝင်တွေက စိုးရိမ်နေတယ်" ဟု  ဖျာပုံမြို့က ပရဟိတ အဖွဲ့ဝင်တစ်ဦးက ပြောသည်။

ကိုမျိုးစံစိုးသည် ကိုဗစ်-၁၉ တတိယလှိုင်း စတင်သည့်အချိန်မှစ၍ သတင်းထောက်အလုပ်မလုပ်တော့ဘဲ မြို့အတွက်လိုအပ်နေသည့် အောက်စီဂျင်ရှာဖွေရေး ပရဟိတလုပ်ငန်းနှင့် ကိုဗစ်-၁၉ လူနာပို့ဆောင်ရေးလုပ်ငန်းများတွင် စေတနာ့ဝန်ထမ်း ဆောင်ရွက်နေသူဖြစ်သည်ဟု ၎င်းနှင့်နီးစပ်သူများက ပြောသည်။

"သူ သတင်းထောက်မလုပ်တာ ကြာနေပြီ။ သူ့သဘောနဲ့သူ နုတ်ထွက်စာတင်လို့ နုတ်ထွက်ခွင့်ပြုလိုက်ပြီးသားပါ" ဟု ကိုမျိုးစံစိုး နောက်ဆုံး သတင်းရေးသားခဲ့သည့် Delta News Agency သတင်းဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

သတင်းထောက်ဟောင်း ကိုမျိုးစံစိုးအား သက်ဆိုင်ရာမှ မေးမြန်းရန်ရှိနေသဖြင့် ခေါ်ထားခြင်းဖြစ်နိုင်ကြောင်း ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးထားသည့် ကိုမျိုးစံစိုးသည် ပြည်တွင်းသတင်းဌာနများဖြစ်သည့် Ayeyarwaddy Times ၊ BIN နှင့် Delta News Agency စသည့် သတင်းဌာနများတွင် သတင်းရေးခဲ့ဘူးသူဖြစ်သည်။

 
 

 

 

Most read this week

August 4, 2026
ပဲခူးတိုင်း၊ ဒိုက်ဦးအကျဉ်းထောင်အတွင်း အမျိုးသမီးနိုင်ငံရေးအကျဉ်းသူ ၂၇ ဦးမှာ...
ပုံဟောင်း (တပ်မတော်လေ)
August 3, 2026
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ ညောင်နှစ်ပင်ကျေးရွာအနီးတွင် ယနေ့ (ဩဂုတ်လ ၃ ရက်)...
August 3, 2026
အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ၏ ကိုယ်စားလှယ်တစ်ဦးသည် ဩဂုတ်လ ၃ ရက်နေ့တွင် နိုင်ငံတော်...
ဓါတ်ပုံ - RSM
August 3, 2026
ကချင်ပြည်အတွင်းက ဗန်းမော်၊ ရွှေကူနှင့် ခေါင်လန်ဖူးဒေသများတွင် တိုက်ပွဲများ အပြင်းအထန်...