ကောလင်း နေပူတောင်တွင် စစ်ကောင်စီကားများကို ထီးချိုင့် PDF မိုင်းဆွဲတိုက်ခိုက်

ကောလင်း နေပူတောင်တွင် စစ်ကောင်စီကားများကို ထီးချိုင့် PDF မိုင်းဆွဲတိုက်ခိုက်

စစ်ကိုင်းတိုင်း နေပူတောင်တွင် စစ်ကားများ ထိခိုက်ပျက်စီးမှုရှိနိုင်သည်ဟု ကောလင်းဒေသခံများက ပြောသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘို-မြစ်ကြီးနားလမ်းပေါ်ရှိ ကောလင်းအပိုင် နေပူတောင်အဆင်းတွင် ထီးချိုင့် PDF များက  မိုင်းဆွဲတိုက်မှုကြောင့် စစ်ကားများထိခိုက်ပြီး သေဆုံးဒဏ်ရာရမှုများရှိနိုင်သည်ဟု ဒေသခံများက ပြောသည်။

ထီးချိုင့်မြို့နယ် စစ်ကဲကျမ်းဘုရားအနီး စခန်းချထားသည့် စစ်ကောင်စီကား ၅ စီး နံနက် ၆ နာရီခန့်က ထွက်လာသည်ဆိုသည့် သတင်းကြောင့် သြဂုတ် ၃၀ ရက် နံနက် ၉ နာရီအချိန်ခန့်က စောင့်ကြိုမိုင်းဆွဲခဲ့ကြောင်း ထီးချိုင့် PDF တစ်ဦးက အတည်ပြုပြောသည်။

“ကားတစီးလုံးတောင် မြောက်တက်သွားတာဆိုတော့ အထိအခိုက်ကတော့ တော်တော်များမယ်“ ဟု ထီးချိုင့် PDF တစ်ဦးက ပြောသည်။

ဇွန်လ ၂၆ ရက်နေ့က ကျောက်အိုက်တောင်တွင် စစ်ကားသုံးစီးကို ခြုံခိုတိုက်ခြင်းခဲ့ကြောင့် ထီးချိုင် PDF တပ်နှင့် စစ်ကောင်စီတို့အကြား တိုက်ပွဲစတင်ခဲ့သည်ဟု ဆိုသည်။

နောက်ပိုင်းတွင် KIA တပ်ဖွဲ့များအတူ ပူးပေါင်းစစ်ဆင်မှုများရှိလာခြင်း ဖြစ်သည်။

ယခုအကြိမ်နှင့်ပါဆိုလျှင် ရွှေဘို-မြစ်ကြီးနား လမ်းပိုင်းတွင် သွားလာနေသည့် စစ်ကောင်စီယာဉ်တန်းများကို ထီးချိုင့် PDF များ တိုက်ခိုက်မှုသည် ဇွန် ၂၆ ရက်နေ့က စတွက်လျှင် ၄ ကြိမ်ခန့်ရှိပြီဖြစ်ကြောင်း သိရသည်။

 
 

 

 

Most read this week

August 4, 2026
ပဲခူးတိုင်း၊ ဒိုက်ဦးအကျဉ်းထောင်အတွင်း အမျိုးသမီးနိုင်ငံရေးအကျဉ်းသူ ၂၇ ဦးမှာ...
ပုံဟောင်း (တပ်မတော်လေ)
August 3, 2026
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ ညောင်နှစ်ပင်ကျေးရွာအနီးတွင် ယနေ့ (ဩဂုတ်လ ၃ ရက်)...
August 3, 2026
အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ၏ ကိုယ်စားလှယ်တစ်ဦးသည် ဩဂုတ်လ ၃ ရက်နေ့တွင် နိုင်ငံတော်...
ဓါတ်ပုံ - RSM
August 3, 2026
ကချင်ပြည်အတွင်းက ဗန်းမော်၊ ရွှေကူနှင့် ခေါင်လန်ဖူးဒေသများတွင် တိုက်ပွဲများ အပြင်းအထန်...