တပ်မတော်သားနှင့် ရဲများပူးပေါင်းရန် NUG ကြေငြာချက်ထုတ်ပြန်

တပ်မတော်သားနှင့် ရဲများပူးပေါင်းရန် NUG ကြေငြာချက်ထုတ်ပြန်

ပြည်သူနှင့် ပူးပေါင်းချင်သည့် တပ်မတော်သားများနှင့် ရဲတပ်ဖွဲ့ဝင်များ NUG ထံ စာရင်းပေးနိုင်ပြီး လိုအပ်သည့်အကူအညီများလည်း ပေးသွားမည်ဟု NUG ကာကွယ်ရေးဝန်ကြီးဌာနက သြဂုတ်လ ၂၈ ရက်နေ့တွင် ကြေငြာချက် ထုတ်ပြန်ထားသည်။

ပြည်သူနှင့် ပူးပေါင်းလိုသည့် တပ်ဖွဲ့ဝင်များအနေဖြင့် စစ်ကောင်စီ၏အမိန့်များကို နာခံခြင်းမပြုရန်၊ ပြည်သူ့တပ်မတော်နှင့် မဟာမိတ်များကို တိုက်ခိုက်ခြင်းမပြုရန်၊ ပြည်သူကိုဖမ်းဆီးညှင်းပန်း၍ သတ်ဖြတ်ခြင်းမပြုရန်နှင့် ပစ္စည်းဥစ္စာများကို လုယူဖျက်ဆီးခြင်းမပြုရန် ထုတ်ပြန်ချက်ထဲတွင် ထည့်သွင်းရေးသားထားသည်။

ထိုသို့ပူးပေါင်းလာသည့် တပ်မတော်နှင့် ရဲတပ်ဖွဲ့ဝင်များကို မှတ်တမ်းတင် ဂုဏ်ပြုနိုင်ရန် အမြန်ဆုံး ဆက်သွယ်စာရင်းပေးရန် တိုက်တွန်းထားပြီး NUG အနေဖြင့်လည်း လိုအပ်သော ကူညီစောင့်လျောက်မှုများ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

ထို့အပြင် စစ်ကောင်စီထံ ဆက်လက် တာဝန်ထမ်းဆောင်နေသည့် တပ်ဖွဲ့ဝင်များကိုလည်း ပြည်သူ့ကာကွယ်ရေးတပ်မတော်နှင့် မဟာမိတ်များက ပြင်းထန်စွာ တုန့်ပြန် အရေးယူဆောင်ရွက်သွားမည်ဟု ယနေ့ထုတ်ပြန်သည့် NUG ကာကွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်ထဲတွင် ထည့်သွင်း ရေးသားထားသည်။

ပုံဟောင်း
May 11, 2026
မြန်မာနိုင်ငံအနှံ့အပြားတွင် လေကြောင်းတိုက်ခိုက်မှုများနှင့် စစ်ရေးပဋိပက္ခများ...
May 8, 2026
တော်လှန်ရေး အင်အားစုများ နှစ်နှစ်ကျော်ကြာ စိုးမိုးထားသည့် မော်လူးမြို့ကို ပြန်လည်စီးနင်းလိုက်သော...
May 7, 2026
တနင်္သာရီတိုင်းဒေသကြီး၏ အဓိကကုန်သွယ်ရေး သွေးကြော ဖြစ်သော ရန်ကုန်-ထားဝယ် ကားလမ်းမပေါ်ရှိ...
May 6, 2026
စစ်အုပ်စု၏ သာလွန်အင်အားဖြင့် ထိုးစစ်ဆင် တိုက်ခိုက်မှုများကြောင့် သိမ်းပိုက်ထိန်းချုပ်ထားသည့်...