မအူပင်တွင် NLD ပါတီနှင့် ဝန်းရံသူများ ခြိမ်းခြောက်ခံနေရ

မအူပင်တွင် NLD ပါတီနှင့် ဝန်းရံသူများ ခြိမ်းခြောက်ခံနေရ

ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့ရှိ နာဂပါလအဖွဲ့က NLD ပါတီဝင်များနှင့် ပါတီဝန်းရံထောက်ခံသူများကို ခြိမ်းခြောက်သည့် စာတစ်စောင်ထုတ်ပြန်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

နဂရပါလအဖွဲ့ကို ပြည်ခိုင်ဖြိုးပါတီထောက်ခံသူများ၊ စစ်ကောင်စီ သတင်းပေးဒလန်အများစုဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ကြောင်း မြို့ခံများထံမှ သိရသည်။

ထုတ်ပြန်သောစာတွင် “အကြမ်းဖက် NLD များနှင့် ၎င်းတို့ကို အားပေးသူများက အေးချမ်းစွာနေလိုသူများကို ခေါင်းစဉ်အမျိုးမျိုးတပ် ကာခြိမ်း ခြောက်လျှက်ရှိပြီး တစ်စုံတစ်ရာပြုလုပ်ပါက NLD ပါတီဝင်များနှင့် အားပေးထောက်ခံသူများသာမက မိသားစုများကိုပါ ထိရောက်စွာ လက်တုန့်ပြန်သွားမည်” ဖြစ်ကြောင်း ဖော်ပြထားသည်။

သက်ဆိုင်ရာတာဝန်ရှိသူများက ပြည်သူကို အကြမ်းဖက်စော်ကားသူများနှင့် အားပေးသူများကို အရေးယူပေးရန် တင်ပြကြောင်း နာဂပါလ အဖွဲ့၏ ထုတ်ပြန်ချက်တွင် ရေးသားဖော်ပြထားသည်။

"ပြီးခဲ့တဲ့ရက်ပိုင်းက PDF အဖွဲ့က မအူပင်က စစ်ကောင်စီဒလန်တွေကို အမည်နဲ့တပ်ပြီး သတိပေးချက်ထုတ်ပြန်တယ်။ ဒါကို နဂပါလတွေက တုန့်ပြန်တာဖြစ်မယ်" ဟု မအူပင် မြို့ခံတစ်ဦးက သုံးသပ်သည်။

နဂရပါလအဖွဲ့၏ သတင်းပေးတိုင်ကြားမှုများကြောင့် မြို့ခံ နိုင်ငံရေးတက်ကြွလှုပ်ရှားသူအချို့ ဖမ်းဆီးခံခဲ့ရပြီး အချို့မှာလည်း ယနေ့အချိန်အထိ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု မအူပင်မြို့ခံများက ဆိုသည်။

ယင်းခြိမ်းခြောက်စာသည် သြဂုတ် ၂၄ ရက်နေ့က စတင်ပြီး လူမှုကွန်ရက်မီဒီယာပေါ်တွင် ပျံ့နှံ့လာခြင်းဖြစ်သည်။

 
 

 

 

ပုံဟောင်း
May 11, 2026
မြန်မာနိုင်ငံအနှံ့အပြားတွင် လေကြောင်းတိုက်ခိုက်မှုများနှင့် စစ်ရေးပဋိပက္ခများ...
May 8, 2026
တော်လှန်ရေး အင်အားစုများ နှစ်နှစ်ကျော်ကြာ စိုးမိုးထားသည့် မော်လူးမြို့ကို ပြန်လည်စီးနင်းလိုက်သော...
May 7, 2026
တနင်္သာရီတိုင်းဒေသကြီး၏ အဓိကကုန်သွယ်ရေး သွေးကြော ဖြစ်သော ရန်ကုန်-ထားဝယ် ကားလမ်းမပေါ်ရှိ...
May 6, 2026
စစ်အုပ်စု၏ သာလွန်အင်အားဖြင့် ထိုးစစ်ဆင် တိုက်ခိုက်မှုများကြောင့် သိမ်းပိုက်ထိန်းချုပ်ထားသည့်...