အသုတ်မြို့မှ ဖမ်းဆီးခံရသူများ မည်သည့်နေရာတွင်ရှိသည်ကို မသိရသဖြင့် မိသားစုစိုးရိမ်

အသုတ်မြို့မှ ဖမ်းဆီးခံရသူများ မည်သည့်နေရာတွင်ရှိသည်ကို မသိရသဖြင့် မိသားစုစိုးရိမ်

ဧရာဝတီတိုင်း အသုတ်မြို့တွင် ဩဂုတ်လ ၁၈ ရက်နှင့် ၁၉ ရက်ညက ဖမ်းဆီးခံခဲ့ရသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ၏ ရပ်ကျေးဥက္ကဋ္ဌအချို့အပါအဝင် ၇ ဦးမှာ ဩဂုတ်လ ၂၂ ရက်နေ့အထိ မည်သည့်နေရာတွင် မည်သည့်တပ်ဖွဲ့က ဖမ်းဆီးထားခြင်းဖြစ်သည်ကို မသိရသဖြင့် စိုးရိမ်နေကြောင်း ဖမ်းခံရသူများ၏ မိသားစုဝင်များက ပြောသည်။

ဩဂုတ်လ ၁၈ ရက်နေ့ ညပိုင်းက ရေကြည်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အမှတ် (၃) ရပ်ကွက်ဥက္ကဋ္ဌနှင့် အမှတ် (၄) ရပ်ကွက်ဥက္ကဋ္ဌကို ဖမ်းဆီးခဲ့ပြီး ဩဂုတ် ၁၉ ရက်နေ့ ညပိုင်းတွင် အမှတ် (၅) ရပ်ကွက် NLD ဥက္ကဌ၊ ပါတီဝင် နှစ်ဦးနှင့် ဝန်းရံသူနှစ်ဦးတို့ကို ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

"ဘာကြောင့်ဖမ်းသလဲ ဘယ်နေရာခေါ်သွားလဲ မသိရသေးဘူး ဆဲဆိုရိုက်နှက်ပြီး ဖမ်းသွားတာ" ဟု ဖမ်းဆီးခံရသူများ၏ မိသားစုဝင်တစ်ဦးကပြောသည်။

စစ်ပွဲများဖြစ်ပွားနေသည့် နေရာဒေသမဟုတ်ဘဲ ဝရမ်းမပါ အကြောင်းပြချက်မရှိ လက်နက်အင်အားသုံးပြီး ဝင်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးက ပြောသည်။

ဦးအောင်မိုးလင်း အပါအဝင် လူ ၇ ဦး ဖမ်းဆီးခံရသည့် ဖြစ်စဉ်နှင့်ပတ်သက်၍ တစ်စုံတစ်ရာပြောပြနိုင်ခြင်းမရှိဘူးဟု အသုတ် နယ်မြေရဲစခန်းက တာဝန်ရှိသူတစ်ဦးက ပြောသည်။

အသုတ်မြို့မှ ဒလန်ဟုနာမည်ကြီးနေသည့် အမျိုးသားတစ်ဦးကို အမည်မသိသေနတ်သမား ၂ ဦးက သြဂုတ်လ ၁၈ ရက်နေ့ နံနက်ပိုင်းက သေနတ်ဖြင့် ပစ်ခတ်ခဲ့သဖြင့် သေဆုံးခဲ့သည်။

 
 

 

 

Most read this week

August 4, 2026
ပဲခူးတိုင်း၊ ဒိုက်ဦးအကျဉ်းထောင်အတွင်း အမျိုးသမီးနိုင်ငံရေးအကျဉ်းသူ ၂၇ ဦးမှာ...
ပုံဟောင်း (တပ်မတော်လေ)
August 3, 2026
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ ညောင်နှစ်ပင်ကျေးရွာအနီးတွင် ယနေ့ (ဩဂုတ်လ ၃ ရက်)...
August 3, 2026
အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ၏ ကိုယ်စားလှယ်တစ်ဦးသည် ဩဂုတ်လ ၃ ရက်နေ့တွင် နိုင်ငံတော်...
ဓါတ်ပုံ - RSM
August 3, 2026
ကချင်ပြည်အတွင်းက ဗန်းမော်၊ ရွှေကူနှင့် ခေါင်လန်ဖူးဒေသများတွင် တိုက်ပွဲများ အပြင်းအထန်...