Published
Monday, August 23, 2021
ကိုဗစ်-၁၉ test kit နဲ့ အကာအကွယ်ပစ္စည်းတွေ လာရောက်ကူညီပေးမယ့်သူကို ချီဖွေစစ်ဘေးရှောင်တွေစောင့်မျှော်နေ
ချီဖွေစစ်ဘေးရှောင်တွေ ကိုဗစ်-၁၉ ရောဂါစစ်ဆေးဖို့ ဆေးစစ်ကိရိယာတွေနဲ့ အကာအကွယ်ပစ္စည်းတွေ ကူညီထောက်ပံ့မှုမရရှိသေးတာကြောင့် အကူအညီတွေကို စောင့်မျှော်နေကြပါတယ်။
ရှမ်းပြည်မြောက်ပိုင်းရှိ စစ်ဘေးရှောင်တွေထဲမှာ ပန်ဆိုင်း(ကြူကုတ်)စစ်ဘေးရှောင်တွေဟာ ရေဘေး ထပ်မံ ကြုံတွေ့နေရသလို ဖောင်းဆိုင်စစ်ဘေးရှောင်တွေဟာ စားနပ်ရိက္ခာအခက်အခဲကို များစွာ ကြုံတွေ့နေရတယ်လို့ သိရပါတယ်။
ကိုဗစ်-၁၉ တတိယလှိုင်း ပြန်လည်ဆိုးရွားလာချိန် စစ်ဘေးရှောင်စခန်းတွေမှာလည်း ရောဂါကူးစက်မှုတွေ ဖြစ်လာပါတယ်။ ကိုဗစ်-၁၉ ရောဂါကြောင့် အခက်အခဲကြုံတွေ့နေရတဲ့ စစ်ဘေးရှောင်ပြည်သူတချို့ရဲ့အသံကို တင်ပြထားပါတယ်။






