လေသေနတ်ပုံတင်သူ လူငယ်နှစ်ဦး လက်နက်မှုဖြင့် ဖမ်းခံရ

လေသေနတ်ပုံတင်သူ လူငယ်နှစ်ဦး လက်နက်မှုဖြင့် ဖမ်းခံရ

မကွေးတိုင်းဒေသကြီး၊ ကံမမြို့တွင် အသက် ၂၅ နှစ်ဝန်းကျင်ရှိ လူငယ် ၂ ဦးကို လက်နက်မှုဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက သြဂုတ် ၁၇ ရက်နေ့က ဖမ်းဆီးသွားကြောင်း ဒေသခံများက ပြောသည်။

ယင်းလူငယ် ၂ ဦးက ပြီးခဲ့တဲ့ရက်ပိုင်းတွင် လူမှုကွန်ယက်စာမျက်နှာ (Facebook) တွင် လေထိုးပိုက်နှင့် ပိုးသတ်ဆေးဖြန်းသည့် ပိုက်သုံးပြီးလုပ်ထားသော လေသေနတ်ဖြင့် တောလည်သည့်ပုံကို တင်လိုက်ရာမှ အဖမ်းခံရခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

”တောမှာတော့ စက်ဘီးလေထိုးပိုက်နဲ့ ပိုးသတ်ဆေးဖျန်းတဲ့ ပိုက်နဲ့လုပ်ထားတဲ့သေနတ်နဲ့ ညဘက် ဂျိုးတို့ဘာတို့ပစ်ကြတဲ့ သေနတ်ပါ။ စကစ လက်ထက်မှာ မကိုင်ကြတော့ပါဘူး” ဟု ဒေသခံတစ်ဦးက ပြောသည်။

ကံမမြို့နယ်၊ ကြို့ပင်ရွာမှ အဖမ်းခံရသည့် အဆိုပါ လူငယ်နှစ်ဦး နိုင်ငံရေးလုပ်သည့် လူငယ်များမဟုတ်ဘဲ အပျော်တမ်း တောလည်သည့် ကျေးလက်နေ လူငယ်နှစ်ဦးသာဖြစ်သည်ဟု ဒေသခံများက ဆိုသည်။

ထိုလူငယ်နှစ်ဦးအား ကြို့ပင်တိုက်နယ်က ရဲ ၂ ဦးနှင့်အတူ ကြို့ပင်ကမဟုတ်သည့် အခြားက ရဲတပ်ဖွဲ့ဝင် ၁၃ ဦးက လာဖမ်းခဲ့ခြင်းဖြစ်သည်။

လူငယ်နှစ်ဦးကို လာရောက်ဖမ်းစဉ်အခါက အနည်းငယ် ရုန်းရင်းဆန်ခတ်ဖြစ်ပြီး မိခင်ဖြစ်သူကို ရဲများက ပစ်ခတ်မည့်ပုံစံမျိုးလုပ်သဖြင့် ရွာသားများက ဝိုင်းဝန်းတောင်းပန်ခဲ့ရကြောင်း ဒေသခံတစ်ဦးက ပြောသည်။

ကြို့ပင်ရွာသည် ကံမမြို့အနောက်ဘက် ပုသိမ်-မုံရွာ ကားလမ်းကြီးပေါ်တွင်ရှိသည့် တိုက်နယ်ရွာကြီးတစ်ရွာဖြစ်ပြီး ရွာအနောက်တွင် အနောက်ရိုးမတောင်တန်းများနှင့် နီးသဖြင့် ဂျီသား၊ တောဝက်သားကဲ့သို့သော တောကောင်သားများ ရရှိနိုင်သည့် မြို့ဆန်ဆန်ရွာကြီးဖြစ်သည်။

ထို့အပြင် တိုက်နယ်ဆေးရုံ၊ စာစစ်ဌာနရှိ အထက်တန်းကျောင်းလည်းရှိသည်။

ကြို့ပင်ရွာတွင် နယ်မြေရဲစခန်းတစ်ခုလည်းရှိပြီး ကျေးရွာနေပြည်သူများနှင့် ပြဿနာမရှိ အေးအေးချမ်းချမ်းနေကြကြောင်း သိရသည်။

 
 

 

 

August 5, 2026
ရခိုင်-ဧရာဝတီနယ်စပ်၊ ရေကြည်နှင့် သာပေါင်းမြို့နယ်တို့တွင် အာရက္ခတပ်တော် (AA) နှင့်...
August 5, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်၊ ရွှေဘုန်းမြင့်ကျေးရွာတွင် စစ်တပ်နှင့် KIA ပူးပေါင်းတပ်တို့အကြား...
August 5, 2026
ကရင်ပြည်၊ မြဝတီမြို့တောင်ဘက် ဖလူးဒေသတစ်ဝိုက်တွင် နယ်မြေပြန်လည်ထိန်းချုပ်ရန် အင်အားအလုံး...
August 4, 2026
ပဲခူးတိုင်း၊ ဒိုက်ဦးအကျဉ်းထောင်အတွင်း အမျိုးသမီးနိုင်ငံရေးအကျဉ်းသူ ၂၇ ဦးမှာ...