မောင်တောရှိ ရိုဟင်ဂျာများအား ကိုဗစ်ကာကွယ်ဆေး မထိုးပေး

မောင်တောရှိ ရိုဟင်ဂျာများအား ကိုဗစ်ကာကွယ်ဆေး မထိုးပေး

ဒေသခံများ၏ ပြောဆိုချက်အရ မောင်တောမြို့နယ်တွင် ဒီလအတွက်ရရှိသည့် ကိုဗစ်ကာကွယ်ဆေး အလုံး ၃၀,၀၀၀ အနက် ရိုဟင်ဂျာတို့ကို ထိုးနှံပေးခြင်းမရှိကြောင်း သိရသည်။

ကာကွယ်ဆေးထိုးခြင်းကို မောင်တောပြည်သူ့ဆေးရုံမှာ ဩဂုတ်လ ပထမပတ်တွင် စီမံခဲ့ပြီး စိစစ်ရေးကဒ်ရှိသူများကိုသာ ထိုးပေးသဖြင့် ရိုဟင်ဂျာအများစုတွင် စိစစ်ရေးကဒ် မရှိကြသည့်အတွက် ကာကွယ်ဆေး မထိုးနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

မောင်တောအုပ်ချုပ်ရေးရုံး၏ တရားဝင်စာရင်းအရ မြို့လူဦးရေ သုံးပုံနှစ်ပုံမျှရှိသည့် ရိုဟင်ဂျာ ၇၄,၀၀၀ ထက် ပိုစရာရှိသည့်အနက် ဆယ်ဦးထက်မပိုသော အရည်အတွက်ကိုသာ ကာကွယ်ဆေးထိုးပေးခဲ့ကြောင်း သိရှိရသည်။

ဒေသခံတို့အဆိုအရ တရုတ်ထုတ် စီနိုဖန်ကာကွယ်ဆေးကို အများအားဖြင့် အစိုးရဝန်ထမ်းများ၊ နယ်ခြားစောင့်ရဲများနှင့် ၎င်းတို့၏ မိသားစုများ ကို ထိုးပေးကြောင်း၊ သူတို့၏ဦးရေမှာ မောင်တောတွင် သောင်းချီရှိကြောင်း သိရှိရသည်။

စကစ၏ တရားဝင်ထုတ်ပြန်ချက်အရ မေလတွင် စဖြစ်ပွားသည့် ကိုဗစ်တတိယလှိုင်းကြောင့် ဩဂုတ်လ ၁၅ ရက်နေ့ထိ မောင်တောမြို့နယ်တွင် ပိုးတွေ့လူနာ ၄၆၃ ဦးရှိပြီး၊ ၁၅ ဦးသေဆုံးခဲ့ကြောင်း၊ အမှန်တကယ်ဦးရေမှာ ပိုများနိုင်ကြောင်း ဒေသခံများက ပြောဆိုသည်။

ရိုဟင်ဂျာအများစုက အစိုးရ၏ ကျန်းမာရေးဝန်ဆောင်မှုကို မယုံကြည်ကြသည့်အတွက် အိမ်မှာသာ ကိုယ့်ဘာသာ ကုသနေကြသည်။

မြန်မာပြည်အလယ်ပိုင်းမှ ပြောင်းရွေ့လာသည့် နယ်ခြားစောင့်ရဲနှင့် ၎င်းတို့၏ မိသားစုဝင်များထံမှ ကိုဗစ်လူနာသစ် ၂၀၀ ခန့် မောင်တောကိုရောက်လာခဲ့ကြောင်း သိရှိရသည်။

အာဏာပိုင်များ၏ အိမ်ပြင်မထွက်ရ အမိန့်ကြောင့် ဒေသခံတွေက ညနေ ၃ နာရီကျော်ပါက အပြင်မထွက်ကြပေ။

သို့သော် ဇူလိုင်လလယ်ကစပြီး ရခိုင်လူငယ်တွေက မြို့ပတ်လည်မှာ ဝါးတားဂိတ် ၄ ခုချပြီး၊ မွန်းတည့်အချိန်ကစပြီး အိမ်ပြင်မထွက်ရ ကန့်သတ်လာသည့်အတွက် ဒေသခံ ရိုဟင်ဂျာများအတွက် အနှောက်အယှက်ဖြစ်စေပါသည်။

စစ်ဆေးရေးဂိတ်တွေကို နာရီစင်အနီးတဝိုက်၊ ကာမလ်ဆေးလိပ်စက်ရုံ လမ်းဆုံ၊ သာသနာ့ဗိမာန် ဘုန်းကြီးကျောင်းနှင့် ရွှေဇာတံတားအနီး ကျော် တည်ခိုဆောင်အနီးတွင် ချထားပါသည်။ ဂိတ်တခုစီမှာ လူငယ်အစောင့် ၆ ယောက်မှ ၁၀ ယောက်အထိ ရှိပါသည်။

မွန်းလွဲပြီး လမ်းပေါ်မှာတွေ့တဲ့ ရိုဟင်ဂျာတွေကို ဆဲဆိုပြီး ရိုက်နှက်ခြင်းများရှိလာသည်။ တချို့ကို လက်သီးနဲ့ အထိုးခံရ၊ ငွေကြေးအလုခံရ၊ စက်ဘီးများ အဖျက်အဆီးခံရတာတွေရှိလာသည်။ ရိုဟင်ဂျာနှစ်ယောက်ကို ရိုက်နှက်သဖြင့် အသဲအသန် ဒဏ်ရာ ရရှိသည်။

၎င်းတို့အနက် တယောက်မှာ ဟင်းရွက်စိမ်းရောင်းတဲ့သူဖြစ်ပြီး၊ ရွှေဇာတံတားနားက အိမ်သို့ ဈေးမှပြန်လာချိန်တွင် ရိုက်နှက်ခံရခြင်းဖြစ်ကြောင်း သိရှိရသည်။

ဒီလူငယ်တွေက မွန်းလွဲအချိန်တွင် မောင်တော စည်ပင်ဈေးကို ကင်းလှည့်ခြင်း၊ ဈေးထဲတွင် ရိုဟင်ဂျာဆိုင်ဖွင့်နေတာတွေ့ရင် ပိုင်ရှင်ကို အနှောက်အယှက်ပေးခြင်း၊ ပစ္စည်းတွေကို ငွေမပေးဘဲ ယူသွားခြင်းများ ပြုလုပ်ကြသည်။

လူငယ်တွေဟာ စစ်ဝတ်စုံမဝတ်ထားပေမဲ့ ဆံပင်ပုံက စစ်သားပုံညှပ်ထားသည့်အတွက် အေအေတွေဘဲဆိုတာ ဒေသခံတွေက သိနေကြသည်။

ပြီးခဲ့တဲ့လက ဘူးသီးတောင်မှာလည်း အလားတူဂိတ်တွေ ချထားတယ်။ ရခိုင်လူငယ် အစောင့်တပ်သားတွေက ခေါင်းမှာ ခေါင်းစည်းအနီစည်းပြီး ရိုဟင်ဂျာဈေးဆိုင်ပိုင်ရှင်တွေကို နှောက်ယှက်ကြသည်။

ဒါပေမဲ့ ဒေသခံ ရိုဟင်ဂျာလူကြီးတွေက တိုင်သည့်အတွက် မြန်မာစစ်ကား ၅ စီးရောက်လာပြီး ဂိတ်တွေကို ပိတ်ပစ်လိုက်ကြောင်း ဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။

ပြီးခဲ့အပတ်ကစပြီး မြန်မာစစ်တပ်က ပင်လယ်ကမ်းခြေ အငူမော်နှင့် ဘူးသီတောင်မှ မောင်တောအထိ ကုန်းပိုင်းမှတဆင့် စစ်သားနဲ့ သံချပ်ကာ ကားတွေ တိုးချလာတယ်။

မောင်တောမြို့ သုံးမိုင်ရွာရှိ နယ်ခြားစောင့်ရဲ စခန်းမှာ သံချပ်ကာကား ၈ စီးကိုတွေ့ရကြောင်း သိရသည်။ ဒါတွေက နောက်ထပ် ရှင်းလင်းရေး စစ်ဆင်မှုကို စကစက လုပ်လာမလားလို့ ဒေသခံရိုဟင်ဂျာတွေက စိုးရိမ်နေကြသည်။

Most read this week

August 28, 2023
မြန်မာနိုင်ငံ၏ အာဏာရှင် ခေတ်အဆက်ဆက်တွင် ပုံစံမျိုးစုံနှင့် လူမျိုးတုန်းသတ်ဖြတ်‌မှုကို ခံခဲ့ရပြီး...
July 5, 2023
ပဲခူးတိုင်း၊ ဒိုက်ဦးမြို့နယ်၊ ကျိုက်စကောအကျဥ်းထောင်က နိုင်ငံရေးအကျဥ်းသား ၃၇ ယောက်ကို ထောင်ရွှေ့...
June 28, 2023
ဇွန်လ ၂၉ ရက်နေ့မှာ ကျရောက်တဲ့ အိဒွလ်အသွဟာ (Eid ul Adha) နေ့အတွက် အစ္စလာမ်ဘာသာဝင်တွေက...
June 28, 2023
မကွေးတိုင်း၊ အောင်လံမြို့နယ်ထဲက သက်တမ်းလွန် ကျော်စွာ ဓာတ်မြေဩဇာ စက်ရုံကို လက်နက်ထုပ်လုပ်ရန်...