ရဲအချင်းချင်းပစ်ခတ်မှုကြောင့် ရဲတပ်ကြပ်တစ်ဦး သေဆုံး

ရဲအချင်းချင်းပစ်ခတ်မှုကြောင့် ရဲတပ်ကြပ်တစ်ဦး သေဆုံး

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့တွင် ရဲတပ်ဖွဲ့ဝင်အချင်းချင်း ပစ်ခတ်မှုဖြစ်ကာ ရဲတပ်ကြပ်တစ်ဦး သေဆုံးသွားသည်ဟု ရဲတပ်ဖွဲ့ဝင်များနှင့် နီးစပ်သူများထံမှ သိရသည်။

ရဲတပ်ကြပ်နှင့် ရဲတပ်သားတို့အကြား သေနတ်ဖြင့် ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ ရဲတပ်ကြပ်မှာ သေဆုံးသွားသည်ဟု ရဲတပ်ဖွဲ့ဝင်များနှင့် နီးစပ်သူတစ်ဦး က ပြောသည်။

”ပြောင်းလာတာမကြာသေးဘူး သေတဲ့လူက။ နေပြည်တော်ကပြောင်းလာတာ။ ပစ်တဲ့သူက ပေါင်းတည်ကပြောင်းလာတာ မူးနေကြတယ်ပြောတယ်” ဟု ရဲတပ်ဖွဲ့နှင့်နီးစပ်သူ ပန်းတောင်းမြို့ခံတစ်ဦးက ပြောသည်။

ပစ်ခတ်မှုဖြစ်ပွားခဲ့သည့် ရဲတပ်ကြပ်နှင့် ရဲတပ်သားတို့မှာ ဒေသခံရဲများမဟုတ်ပဲ မကြာသေးမှီကမှ ပြောင်းလာသည့် ရဲများဖြစ်သည်ဟု ဒေသခံများက ပြောသည်။

”သူတို့လဲ ဖိအားတွေများနေတာ။ မူးနေတယ်လို့သာပြောကြတာ ဖြစ်ရတဲ့အခြေခံက ဘာမှန်းမသိဘူး။ မူးတိုင်းပစ်ကြတာမှမဟုတ်တာ” ဟု မြို့ခံ ရဲပင်စင်စားတစ်ဦးက သုံးသပ်ပြောဆိုသည်။

ဩဂုတ်လ ၁၁ ရက်နေ့ ညပိုင်းကဖြစ်ပွားခဲ့သည့် အဆိုပါပစ်ခတ်မှုနှင့်ပတ်သက်၍ ဒေသအတွင်းက သတင်းအချက်အလက်များ လူမှုကွန်ရက်စာမျက်နှာတွင် ပစ်ခတ်ခံရသူမှာ မျက်နှာကိုတေ့၍ ပစ်ခတ်ခံခဲ့ရခြင်းဖြစ်ကြောင်း တင်ထားသည်။

အဆိုပါ ပစ်ခတ်မှုနှင့်ပတ်သက်၍ သတင်းဖော်ပြမှုကို သက်ဆိုင်ရာက ဖြုတ်ချခိုင်းခဲ့သည်ဟုလည်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

ဖေဖေါ်ဝါရီ ၁ ရက်နေ့ကစတင်၍ စစ်တပ်အာဏာသိမ်းပြီးနောက် ၆ လကျော်ကာလအတွင်း မြန်မာနိုင်ငံအနှံ့တွင် ရဲနှင့်စစ်သားအကြား၊ စစ်သားအချင်းချင်းကြားနှင့်  ရဲအချင်းချင်းကြား ပစ်ခတ်မှုဖြစ်စဉ် မကြာခဏဖြစ်ပွားခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိမှုများ၊ သေဆုံးမှုများ ရှိနေခဲ့သည်။

 
 

 

 

August 5, 2026
ရခိုင်-ဧရာဝတီနယ်စပ်၊ ရေကြည်နှင့် သာပေါင်းမြို့နယ်တို့တွင် အာရက္ခတပ်တော် (AA) နှင့်...
August 5, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်၊ ရွှေဘုန်းမြင့်ကျေးရွာတွင် စစ်တပ်နှင့် KIA ပူးပေါင်းတပ်တို့အကြား...
August 5, 2026
ကရင်ပြည်၊ မြဝတီမြို့တောင်ဘက် ဖလူးဒေသတစ်ဝိုက်တွင် နယ်မြေပြန်လည်ထိန်းချုပ်ရန် အင်အားအလုံး...
August 4, 2026
ပဲခူးတိုင်း၊ ဒိုက်ဦးအကျဉ်းထောင်အတွင်း အမျိုးသမီးနိုင်ငံရေးအကျဉ်းသူ ၂၇ ဦးမှာ...