မြစ်ကြီးနား ရှမ်းစုပလီတွင် ကုန်ပစ္စည်းအချို့ ဈေးလျော့ရောင်းပေးမည်

မြစ်ကြီးနား ရှမ်းစုပလီတွင် ကုန်ပစ္စည်းအချို့ ဈေးလျော့ရောင်းပေးမည်

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ရှမ်းစုဗလီတွင် COVID-19 ကာလအတွင်း ခက်ခဲနွမ်းပါးသူများအတွက် ရည်ရွယ်၍ အောက်စီမီတာ၊ ဖလိုမီတာနှင့် ကြက်ဥများ ဈေးနှုန်းသက်သာစွာ ရောင်းချပေးမည်။

မြစ်ကြီးနားမြို့၊ ရှမ်းစုမြှောက်ရပ်ကွက်က စွန္နိဂျာမေဗလီကြီးတွင် အောက်စီမီတာ၊ ဖလိုမီတာနှင့် ကြက်ဥများကို ဈေးနှုန်းသက်သာစွာ အရှုံးခံကာ ရောင်းချပေးသွားမည်ဖြစ်ကြောင်း ရှမ်းစုဗလီ လှုမှုကူညီရေးအသင်း တာဝန်ရှိသူက ပြောသည်။

သြဂုတ်လ ၁၅ ရက်နေ့ (တနင်္ဂနွေနေ့) နံနက်ပိုင်း ၉ နာရီမှစတင်၍ ရောင်းချပေးသွားမှာဖြစ်ပြီး ဝယ်ယူသူ၏ အမည်နှင့် မှတ်ပုံတင်နံပါတ်ကို ပြောပြ၍ တစ်ဦးလျှင် တစ်ခေါက်သာ ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

”ကိုဗစ်ကပ်ရောဂါ ကာလအတွင်းမှာ မရှိနွမ်းပါးတဲ့သူ ခက်ခဲတဲ့သူတွေကို တစ်ဖက်တစ်လမ်းက တတ်နိုင်သလောက် အကူအညီပေးပြီး ပုံမှန်ဈေးနဲ့ပဲ ရစေချင်တဲ့ဆန္ဒနဲ့ အရှုံးခံရောင်းချပေးနေတာပါ” ဟု ဗလီဥက္ကဌ ဦးမြင့်ကျော်က ပြောသည်။

သြဂုတ်လ ၁၅ ရက်နေ့တွင် အောက်စီမီတာ (Oximeter) တစ်လုံးလျှင် ၅၀၀၀ ကျပ်ဖြင့် အလုံး ၄၀၀ ရောင်းချပေးမှာဖြစ်ပြီး၊ (Flowmeter) တစ်ခုလျှင် ၂၂၀၀၀ ကျပ်ဖြင့် အလုံးရေ ၄၀ ရောင်းချပေးသွားမည်ဟု ပြောသည်။

ထို့အပြင် ကြက်ဥကိုလည်း တစ်လုံးလျှင် ၅၀ ကျပ်ဖြင့် အလုံးရေ တစ်သောင်းကျော် ရောင်းချပေးသွားရန် စီစဉ်ထားသည်ဟု သိရသည်။

ရှမ်းစုဗလီ လှုမှုကူညီရေးအသင်းက လူငယ်များ၊ ဂေါပကများ၊ အသင်း၏ တာဝန်ရှိသူများက ပူးပေါင်းရောင်းချပေးခြင်းဖြစ်ပြီး ပထမအကြိမ် နှင့် ဒုတိယအကြိမ်တွင် အောက်စီမီတာ အလုံး ၄၀၀၊ ဖလိုမီတာ အလုံး ၂၀ နှင့် ကြက်ဥအလုံးရေ ၃၃၀၀ ကို ရောင်းချပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

 
 

 

 

ပုံဟောင်း
May 11, 2026
မြန်မာနိုင်ငံအနှံ့အပြားတွင် လေကြောင်းတိုက်ခိုက်မှုများနှင့် စစ်ရေးပဋိပက္ခများ...
May 8, 2026
တော်လှန်ရေး အင်အားစုများ နှစ်နှစ်ကျော်ကြာ စိုးမိုးထားသည့် မော်လူးမြို့ကို ပြန်လည်စီးနင်းလိုက်သော...
May 7, 2026
တနင်္သာရီတိုင်းဒေသကြီး၏ အဓိကကုန်သွယ်ရေး သွေးကြော ဖြစ်သော ရန်ကုန်-ထားဝယ် ကားလမ်းမပေါ်ရှိ...
May 6, 2026
စစ်အုပ်စု၏ သာလွန်အင်အားဖြင့် ထိုးစစ်ဆင် တိုက်ခိုက်မှုများကြောင့် သိမ်းပိုက်ထိန်းချုပ်ထားသည့်...