စစ်တပ်ကိုဆန့်ကျင်သော ဆရာမ ဒေါ်လငန်လွမ်းနော အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာ

စစ်တပ်ကိုဆန့်ကျင်သော ဆရာမ ဒေါ်လငန်လွမ်းနော အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာ

စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒဖော်ထုတ်ရင်း ဖမ်းဆီးခံလိုက်ရသော ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်မှ မူလတန်းကျောင်းအုပ်ဆရာမကြီး ဒေါ်လငန်လွမ်းနော ယမန်နေ့က ပြန်လည်လွတ်မြောက်လာပြီဖြစ်ကြောင်း သိရသည်။

"ဆရာမကြီးပြန်လွှတ်လာလို့ အရမ်းဘဲဝမ်းသာပါတယ်။ ဒီမနက်ပိုင်းလွှတ်တဲ့ထဲ ပါလာတယ်" ဟု ဆရာမနှင့်နီးစပ်သူတစ်ဦးက KNG ကို ပြောသည်။

ယမန်နေ့ မြစ်ကြီးနားအကျဉ်းထောင်မှ ဆရာမကြီး လငန်လွမ်းနောအပါအဝင် အခြားသော ပညာရေးဝန်ထမ်းများ စုစုပေါင်း (၈) ဦး လွတ်မြောက်လာခြင်းဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးထိန်းသိမ်းခံရသည့် အကျဉ်းသားအချို့ လွတ်‌ပေးမှုနဲ့ပတ်သက်ပြီး မြစ်ကြီးနားမြို့နယ် အုပ်ချုပ်ရေးမှူးအားမေးမြန်းရာ ယခုလိုပြောသည်။

"သတ်မှတ်ထားသည့် စည်းကမ်းချက်အတိုင်း ပြည့်မှီလို့ ပြန်လွှတ်ပေးခြင်းဖြစ်တယ်" ဟု စစ်ကောင်စီခန့် မြစ်ကြီးနားမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းခိုင်ဝင်းက ပြောသည်။

ဆရာမ လငန်လွမ်းနောသည် ဆဒုံးမြို့နယ် အ.မ.က ဂူခန်ကျောင်းမှ ကျောင်းအုပ်ဖြစ်ပြီး ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၇ ရက်နေ့က စစ်အာဏာရှင်စနစ် ဆန့်ကျင်ဆန္ဒပြနေချိန် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

 
 

 

 

ပုံဟောင်း
May 11, 2026
မြန်မာနိုင်ငံအနှံ့အပြားတွင် လေကြောင်းတိုက်ခိုက်မှုများနှင့် စစ်ရေးပဋိပက္ခများ...
May 8, 2026
တော်လှန်ရေး အင်အားစုများ နှစ်နှစ်ကျော်ကြာ စိုးမိုးထားသည့် မော်လူးမြို့ကို ပြန်လည်စီးနင်းလိုက်သော...
May 7, 2026
တနင်္သာရီတိုင်းဒေသကြီး၏ အဓိကကုန်သွယ်ရေး သွေးကြော ဖြစ်သော ရန်ကုန်-ထားဝယ် ကားလမ်းမပေါ်ရှိ...
May 6, 2026
စစ်အုပ်စု၏ သာလွန်အင်အားဖြင့် ထိုးစစ်ဆင် တိုက်ခိုက်မှုများကြောင့် သိမ်းပိုက်ထိန်းချုပ်ထားသည့်...