ကွတ်ခိုင်တွင် လူငယ်များက ကိုယ်ထူကိုယ်ထ COVID-19 စစ်ဆေးရေးဂိတ်ဖွင့်

ကွတ်ခိုင်တွင် လူငယ်များက ကိုယ်ထူကိုယ်ထ COVID-19 စစ်ဆေးရေးဂိတ်ဖွင့်

ယမန်နေ့ ဇူလိုင်လ ၂၈ ရက်နေ့မှစတင်၍ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့အတွင်းက နေရာ (၃) နေရာတွင် လူငယ်များကဦးဆောင်ကာ ကိုဗစ်စစ်ဆေးရေးဂိတ်များဖွင့်လှစ်၍ စစ်ဆေးမှုများကို စတင်လုပ်ဆောင်နေပြီဟု အဖွဲ့တွင်ပါဝင်သည့် လူငယ်များနှင့် ဒေသခံများက ပြောသည်။

ဒေသအတွင်း COVID-19 ရောဂါကူးစက်ပြန့်ပွားမှုကို တစ်စုံတစ်ရာထိန်းချုပ်နိုင်ရေးအတွက် ရည်ရွယ်၍ မန္တလေး-မူဆယ် လမ်းမကြီးပေါ်ရှိ ကွတ်ခိုင်မြို့အတွင်း အဝင်/အထွက်ဂိတ်များဖွင့်လှစ်ကာ ယခုကဲ့သို့ စစ်ဆေးမှုများ စတင်လုပ်ဆောင်ရခြင်းဖြစ်သည်ဟု အဖွဲ့တွင်ပါဝင်သူ လူငယ်တစ်ဦးက ပြောသည်။

ယနေ့ ဖွင့်လှစ်လိုက်သည့် ကိုဗစ်စစ်ဆေးရေးဂိတ်နေရာများမှာ ကွတ်ခိုင်မြို့၏ မြို့တွင်းသို့ဝင်ရသည့် အဝင်/အထွက်နေရာများနှင့် တာမိုးညဲလမ်းပေါ်တို့တွင်ဖြစ်သည်။

 

"ကွတ်ခိုင်မြို့ COVID ကာကွယ်ထိန်းချုပ်ရေး လှုပ်ရှားမှု" ဆိုသသည့် ခေါင်းစဉ်ဖြင့် ကွတ်ခိုင်မြို့ပေါ်က တိုင်းရင်းသားလူငယ်များအပါအဝင် ပရဟိတအဖွဲ့အစည်းများ၊ ဒေသခံ တရုတ်လူငယ်များနှင့် ကွတ်ခိုင် ကိုဗစ်-၁၉ အရေးပေါ်ကူညီရေးအဖွဲ့တို့ ပူးပေါင်း၍ စေတနာ့ဝန်ထမ်း လူငယ် ၃၀ ဦးခန့်က လုပ်ဆောင်နေခြင်းဖြစ်သည်ဟု အဖွဲ့တွင်ပါဝင်သည့် လူငယ်တစ်ဦးက ပြောသည်။

Home Q (နေအိမ်အတွင်း သီးသန့်နေထိုင်နေရသူများ) ဝင်နေရသည့် မိသားစုများ၊ အရေးပေါ်လူများအား ထောက်ပံ့ကူညီခြင်း၊ မြို့အဝင်/အထွက်စစ်ဆေးခြင်းများနှင့် COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် လိုအပ်သည့် ထပ်တိုးလုပ်ဆောင်ချက်များကိုလည်း လိုအပ်မှုပေါ်အခြေခံ၍ လူငယ်များက ကူညီလုပ်ဆောင်သွားရန် ရှိနေတယ်သည်ဟု အဖွဲ့တာဝန်ရှိသူများက ပြောသည်။

ကွတ်ခိုင်မြို့နယ်အတွင်း အစိုးရမဟုတ်သည့် ပရဟိတအသင်းအဖွဲ့များကသာ COVID-19 နှင့် ပတ်သတ်၍ ကာကွယ် ထိန်းချုပ် တားဆီးနိုင်ရေး လုပ်ဆောင်နေကြခြင်းဖြစ်ပြီး လက်ရှိတွင် ဒေသခံလူငယ်များက ပူးပေါင်းလုပ်ဆောင်နေကြခြင်းဖြစ်သည်။

မန္တလေး-မူဆယ် ပြည်ထောင်စုလမ်းမကြီးတစ်လျှောက်ရှိ ရှမ်းပြည်နယ်မြောက်ပိုင်းက မြို့နယ်အသီးအသီးတွင် အခြားသော ပြည်နယ်နှင့် တိုင်းဒေသပြီးများထဲ့ရှိ မြို့နယ်များကဲ့သို့ COVID-19 ကူးစက်မှုများ မြင့်တက်နေပြီး ဇူလိုင် ၂၄ ရက်နေ့အချိန်ထိ ကိုဗစ်အတည်ပြုလူနာပေါင်း ၂၇၀ ဦးခန့်ရှိပြီဖြစ်ပြီး သေဆုံးသူသူမှ ၅ ဦးရှိပြီဖြစ်သည်။

ဇူလိုင်လ ၂၄ ရက်နေ့မှ ယနေ့အချိန်ထိ ထပ်တိုးအတည်ပြုလူနာစာရင်းကိုတော့ ထုတ်ပြန်နိုင်ခြင်း မရှိသေးပေ။

February 11, 2026
စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲသည် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ရန် လမ်းဖွင့်ပေး...
February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...
February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...