“စိုးရိမ်စိတ်ကို ပယ်ဖျက်မယ့် စကားလုံးတွေ ဆွေးနွေးနေတယ်။ အခုထိလည်း ညှိနှိုင်းနေတုန်းပါပဲ။ ဖက်ဒရယ်ထဲမှာတော့ တစ်ချက်ကိုအတည်ပြုပြီးပြီ” ဟုု နိုင်ချစ်ဦးက ပြောသည်။
အတည်ပြုလိုက်သော အချက်တစ်ချက်မှာ တန်းတူရေးကဏ္ဍအောက်မှ တိုင်းရင်းသားလူမျိုးတိုင်းသည် လူမျိုးရေးအရ တန်းတူရည်တူ အခွင့်အရေးရှိရမည့်အပြင် ဘာသာစကား၊ စာပေ၊ ယဉ်ကျေးမှု ဓလေ့ထုံးတမ်း၊ ရိုးရာယဉ်ကျေးမှုများကို ထိန်းသိမ်းကာကွယ် မြှင့်တင်ခွင့်ရှိရမည် ဖြစ်သည်။
အချက်တချက် သဘောညီခဲ့သော်လည်း သတင်းမီဒီယာသမားများ ၀င်ရောက်ခြင်းမပြုနိုုင်သည့်် ဆွေးနွေးပွဲခန်းမတွင်း အကျေ အလည်ဆွေးနွေးမှုများတွင် သဘောထားတင်းမာမှုများ၊ မကျေလည်မှုများနှင့် ရလဒ်အထိမရောက်ရှိနိုုင်မှုများရှိနေသည်။
“အခုတော့လည်နေတယ်။ အဓိကကတော့ စကားလုံးအသုံးအနှုန်းအပေါ်မှာပေါ့။ သဘောထားတင်းမာတာဆိုလို့ရှိရင် ဖွဲ့စည်းပုံကတော်တော်တင်းမာတယ်။ ဒီဖွဲ့စည်းပုံကို အခြေခံပြီးတော့ပဲ လာလာပတ်နေတယ်ဆိုတော့ ရှေ့ကိုမတိုးဘူး။ UPDJC ကတင်လာတဲ့အပေါ်မှာ တစ်ပိုဒ်ပြီး တစ်ပိုဒ်တော့ ဆွေးနွေးနေဆဲပါ” ဟု နိုုင်ငံရေးကဏ္ဍဆွေးနွေးပွဲ ကိုုယ်စားလှယ်တဦးဖြစ်သူ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ထုမေက ပြောသည်။
“အခြေခံဥပဒေနဲ့ ပတ်သက်ပြီးတော့ တိုင်းနဲ့ပြည်နယ်မှာ ဆွဲသင့် မဆွဲသင့် နောက်ပြီးတော့ တိုင်းနဲ့ပြည်နယ်တွေထဲကနေပြီးတော့မှ လုံးဝခွဲထွက်ခြင်းမပြုရဆိုတာမျိုးကို တချို့တွေက စကားလုံးပြင်းထန်တယ် ဒီစကားလုံးအစား အခြားစကားလုံး ပြောင်းထည့်ရင်ကောင်း မလား ဝေါဟာရကို နည်းနည်း ပြုပြင်ရင် ကောင်းမလား အဲဒါနဲ့ ပတ်သက်ပြီးတော့ ဆွေးနွေးကြပါတယ်” ဟုကရင်ပြည်နယ် မွန်တိုင်းရင်းသားရေးရာဝန်ကြီး မင်းတင်ဝင်းက ပြောသည်။
နိုုင်ငံရေးကဏ္ဍဆွေးနွေးမှုများတွင် ဖက်ဒရယ်နှင့်ဆက်စပ်သည့် အကျေအလည်ဆွေးနွေးမှုများ ရှိသော်လည်း ညှိနှိုင်းရမည်ဟုု တပ်မတော်သား ကုုိယ်စားလှယ်က ၎င်းအမြင်ကိုုပြောသည်။
“ဖက်ဒရယ်စနစ်မူဘောင်အစားဆိုတဲ့နေရာမှာလည်း ကျွန်တော်တို့က ဖက်ဒရယ်စနစ်မူဘောင် မဟုတ်တော့ဘဲနဲ့ ဒီနေရာမှာတော့ ဖြစ်ပေါ်လာမယ့် ပြည်ထောင်စုဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ဆိုပြီးတော့ အဆိုပြုပါတယ်။ ဘာကြောင့်လဲဆိုတော့ အခြားအဖွဲ့ အစည်းတွေကတွေကတော့ ဖက်ဒရယ်စနစ်မူဘောင်ထဲကလို့ အဆိုပြုတယ်။ ကျွန်တော်တို့ကတော့ ပြည်ထောင်စုဖွဲ့စည်းပုံအခြေခံဥပဒေနှ င့်အညီလို့ ပြောင်းလဲပြီးတော့ အဆိုပြုတယ်” ဟု ဗိုလ်မှူးချုပ်ဝင်းဇော်မိုးက မွန်သတင်းအေဂျင်စီသို့ ပြောသည်။
နိုင်ငံရေးဆိုင်ရာမူဝါဒဖြစ်သည့် ဖက်ဒရယ်စနစ်အခြေခံမည့်မူများတွင် အချုပ်အခြာအာဏာတွင် ၁ချက်၊ အချုပ်အခြာအာဏာကျင့် သုံးမှုတွင် ၁ချက်၊ တန်းတူရေးတွင် ၂ချက်၊ ကိုယ်ပိုင်ပြဌာန်းခွင့်တွင် ၅ချက်၊ ဖက်ဒရယ်ပြည်ထောင်စုမူ (ဖွဲ့စည်းမှုနှင့် အာဏာခွဲဝေမှု)တွင် ၁၀ချက်၊ ပါတီစုံဒီမိုကရေစီစနစ်တွင် ၂ချက် စသည်တို့ကို ဆွေးနွေးညှိနှိုင်းနေခြင်း ဖြစ်သည်။
နိုင်ငံရေးကဏ္ဍဆိုင်ရာမူဝါဒ၊ လူမှုရေးကဏ္ဍဆိုင်ရာမူဝါဒ၊ မြေယာနှင့်သဘာဝပတ်ဝန်းကျင်ကဏ္ဍဆိုင်ရာမူဝါဒ၊ လုံခြံုရေးကဏ္ဍဆိုင်ရာ မူဝါဒ နှင့် စီးပွားရေးကဏ္ဍဆိုင်ရာမူဝါဒ တို့ကို အခန်းတစ်ခန်းစီ ဆွေးနွေးနေကြပြီး ညီလာခံ နောက်ဆုံးနေ့မတိုင်ခင်အထိ ပြင်ဆင်ဖြည့် စွက်မှုများ ပြုလုပ်မည်ဖြစ်သည်။
ပြည်ထောင်စုုငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစုုပင်လုံု ဒုုတိယ အစည်းအဝေးကိုု မေလ ၂၄ ရက်နေ့မှ ၂၈ ရက်နေ့ထိ ငါးရက်ကြာနေပြည်တော် မြန်မာအပြည်ပြည်ဆိုုင်ရာ ကွန်ဗင်းရှင်းစင်တာတွင် ကျင်းပလျက်ရှိရာ တိုုင်းရင်းသားလက်နက်ကိုုင် အဖွဲ့များ၊ အစိုုးရ၊ တပ်မတော်၊ လွှတ်တော်နှင့် နိုုင်ငံရေးပါတီအစုုအဖွဲ့များမှ ကိုုယ်စားလှယ်များနှင့် ပါဝင်သင့်ပါဝင်ထိုုက်သူများ အပါအဝင်ကိုုယ်စားလှယ် ရ၀၀ ဦးခန့်တက်ရောက် ဆွေးနွေးလျက်ရှိသည်။







