လက်လုပ်ဗုံးပြုလုပ်စဉ် လူနှစ်ဦးသေဆုံး

လက်လုပ်ဗုံးပြုလုပ်စဉ် လူနှစ်ဦးသေဆုံး

ပဲခူးတိုင်းအနောက်ခြမ်း ပြည်ခရိုင်အတွင်း လက်လုပ်ဗုံးလုပ်နေစဉ် ပေါက်ကွဲမှုဖြစ်ပြီး ကျောင်းသားသမဂ္ဂဝင်တစ်ဦးနှင့် အရပ်သားဒေသခံတစ်ဦး သေဆုံးသွားသည်ဟု ဒေသခံများက ပြောသည်။

ပြည်ခရိုင်အတွင်းရှိ သဲကုန်းမြို့နယ် ဆင်မြီးဆွဲတိုက်နယ်၊ ကြို့ရပ်သာကျေးရွာက သာယာဝတီ စိုက်ပျိုးရေးသိပ္ပံ ကျောင်းသားသမဂ္ဂအဖွဲ့ဝင် ၁ ဦးနှင့် အရပ်သားတစ်ဦးတို့ လက်လုပ်ဗုံးလုပ်နေစဉ် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး သေဆုံးသွားခြင်းဖြစ်သည်ဟု ပြောသည်။

”ည ၁၀ နာရီလောက်ရှိမယ်။ ပေါက်ကွဲသံကြားတယ် ညတွင်းချင်း ဆေးရုံကို အလောင်းတွေသယ်သွားပြီ” ဟု အခင်းဖြစ်ပွားမှုနှင့်ပတ်သက်၍ ရွာသားတစ်ဦးက ပြောသည်။

ဇူလိုင်လ ၂၄ ရက်နေ့ ဖြစ်ပွားခဲ့သည့် အဆိုပါဖြစ်စဉ်အတွင်း သေဆုံးသူနှစ်ဦးမှာ သာယာဝတီ စိုက်ပျိုးရေးသိပ္ပံ ကျောင်းသားသမဂ္ဂအဖွဲ့ဝင် ကိုရှိုင်းကိုကိုနှင့် အရပ်သားလူငယ် ကိုတင်ကိုဝင်းတို့ ဖြစ်ကြသည်။

ထိုသေဆုံးမှုဖြစ်စဉ်နှင့်ပတ်သက်၍ သာယာဝတီ စိုက်ပျိုးရေးသိပ္ပံကျောင်းသားသမဂ္ဂက ဝမ်းနည်းကြောင်း သဝဏ်လွှာထုတ်ပြန်ထားသည်။

 
 

 

 

Most read this week

August 7, 2026
မိုးအဆက်မပြတ် ရွာသွန်းမှုနှင့် တောင်ကျရေများ စီးဆင်းမှုတို့ကြောင့် ရခိုင်ပြည်၊ မြေပုံမြို့နယ်...
ဓာတ်ပုံ - NMG (ပုံဟောင်း)
August 7, 2026
ကချင်ပြည်မြောက်ဖျားပိုင်း ခေါင်လန်ဖူးမြို့နယ်အတွင်း၌ စစ်အုပ်စုတပ်က အင်အားဖြည့်တင်းမှုများ...
ဓာတ်ပုံ - AFP (ပုံဟောင်း)
August 7, 2026
ကချင်ပြည် အတွင်းရှိ မြို့နယ် ၅ ခုတွင် စစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တို့အကြား စစ်ရေး...
August 6, 2026
ငဝန်မြစ်ရေကာတာ ကျိုးပေါက်မှုကြောင့် ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်တွင်...