မော်လမြိုင် ရေကြီး၊ စိုးရိမ်ဖွယ်ရှိနေ

မော်လမြိုင် ရေကြီး၊ စိုးရိမ်ဖွယ်ရှိနေ

မွန်ပြည်နယ်‌ မော်လမြိုင်မြို့တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် မြို့ပေါ်ရှိ ရပ်ကွက်အများစုတွင် ဇူလိုင်လ ၂၅ ရက်နေ့ နေ့လည်ပိုင်းအချိန်ခန့် ကစ၍ ရေကြီးရေလျှံမှုများ ဖြစ်ပွားနေသည်ဟု မြို့ခံများက ပြောသည်။

ယခုရက်ပိုင်းအတွင်း မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ဇူလိုင်လ ၂၅ ရက်နေ့ နေ့လည်ပိုင်းခန့်မှစကာ မော်လမြိုင်မြို့အတွင်းက ဘိုကုန်း၊ ရွှေတောင်၊ ရွှေပြည်အေး၊ သီရိမြိုင်၊ သာယာအေး၊ ဇေယျာသီရိ မရမ်းကုန်း အစရှိသည့် ရပ်ကွက်များတွင် ရေကြီးရေလျှံမှု ဖြစ်ပွားနေသည်။

“မနေ့ကတည်းက မိုးဆက်တိုက်ရွာနေတာ။ အခုလည်း အရှိန်ကောင်းကောင်းနဲ့ ရွာနေတုန်းပဲ အခုဆိုရင် အနိမ့်ပိုင်းရပ်ကွက်တွေမှာ ရေဝင်ကုန်ပြီး အမြင့်ပိုင်းရပ်ကွက် တချို့တွေမှာလည်း ရေလျှံနေတယ်။ ဒီအတိုင်းပဲ မိုးက ဆက်ရွာနေမယ်ဆိုရင် ဒုက္ခရောက်ကုန်မယ်” ဟု မော်လမြိုင်မြို့ခံ ကိုမင်းက ပြောသည်။

လက်ရှိတွင် ရေကြီးရေလျှံမှုဖြစ်ပွားနေသည့် ရပ်ကွက်များအတွင်းရှိ ပြည်သူများ နေရာပြောင်းရွေ့ရခြင်းများ မရှိသေးသော်လည်း လက်ရှိထက် ရေပိုတက်လာပါက ဘေးလွတ်ရာနေရာများသို့ ပြောင်းရွေ့ရမည့် အနေအထားရှိနေသည်။

မော်လမြိုင်နည်းတူ မွန်ပြည်နယ်တောင်ပိုင်း ရေးမြို့နယ် ဟံဂံကျေးရွာတွင်လည်း မိုးသည်းထန်စွာ အဆက်မပြတ် ရွာသွန်းမှုကြောင့် တောင်ကျချောင်းရေများ စီးဆင်းလာသည့်အတွက် ဇူလိုင်လ ၂၅ ရက်နေ့ နံနက်ပိုင်းအချိန်ခန့်ကစ၍ ရေကြီးရေလျှံမှုများ ဖြစ်ပွားနေသည်ဟု ဒေသခံများက ပြောသည်။

“ညကတည်းက ရေစတက်နေတာ၊ မိုးကလည်း ဆက်ရွာနေတော့ မြုပ်ကုန်တာပေါ့ အခုလည်း မိုးရွာနေတုန်းပဲ ဒီ့ထက်ပိုစိုးလာမှာကိုပဲ စိုးရိမ်နေတယ်” ဟု ဟံဂံကျေးရွာခံတစ်ဦးက ပြောသည်။

ထို့အပြင် မွန်ပြည်နယ်အတွင်းရှိ ကျိုက်မရော၊ ဘီလူးကျွန်း (ချောင်းဆုံ) တို့တွင်လည်း ရေကြီးရေလျှံမှုများ ဖြစ်ပွားနေကြောင်း ဒေသခံများက ပြောသည်။

 
 

 

 

February 11, 2026
စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲသည် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ရန် လမ်းဖွင့်ပေး...
February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...
February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...