Published
Thursday, May 25, 2017
ကရင်နီဘာသာ အစီအစဉ် (မေလ ၂၅၊ ၂၀၁၇)
ကြားဖြတ်ရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့တဲ့ တိုင်းရင်းသားပါတီက မြေယာပြဿနာနဲ့ပတ်သက်တာတွေကို ဒုတိယအကြိမ် ၂၁ ရာစု ပင်လုံညီလာခံမှာ တက်ရောက်ဆွေးနွေးသွားမယ်လို့ ပြောပါတယ်။
အစိုးရစစ်တပ်ရဲ့စစ်ကြောင်းတွေ လှုပ်ရှားမှုများတာကြောင့် တိုက်ပွဲပြန်ဖြစ်နိုင်တဲ့ အနေအထားရှိနေတယ်လို့ KNPP ရှားတောဆက်ဆံရေးရုံးက ပြောပါတယ်။
လွှတ်တော်ကနေ အစိုးရအဖွဲ့ဖြစ်သွားတဲ့ ကိုယ်စားလှယ်တွေကို အားမရဘူးလို့ လွှတ်တော်ကိုယ်စားလှယ် တွေရဲ့ စွမ်းဆောင်ချက်တွေ ထုတ်ပြန်ရာမှာ ဖော်ပြထားပါတယ်။
ဖွံ့ဖြိုးရေးစီမံကိန်းအတွက် ပေးတဲ့တင်ဒါတွေကို စည်းမျဉ်းတွေ တိုးချဲ့သတ်မှတ်ထားတယ်လို့ ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာနက ပြောပါတယ်။






