Published
Monday, May 22, 2017
မြန်မာဘာသာ အစီအစဉ် (မေလ ၂၁ ၊ ၂၀၁၇)
စစ်မှန်တဲ့ ဖက်ဒရယ်ဆိုရင် ဖွဲ့စည်းပုံထဲမှာ ခွဲထွက်ရေး၊ မခွဲထွက်ရေးဆိုတာ ထည့်ရေးသားထားဖို့ မလိုတော့ဘူးလို့ အပစ်ရပ် တိုုင်းရင်းသားအဖွဲ့ ၈ ဖွဲ့ရဲ့ PPST ထိပ်သီးအစည်းအဝေးမှာ တိုင်းရင်းသားခေါင်းဆောင်တွေက သုံးသပ်ကြ ပါတယ်။
ရခိုုင်ပြည်နယ်မှာ ထိုးကျနေတဲ့စပါးစျေးတွေကို အစိုးရအနေနဲ့ ထိန်းညှိပေးဖို့ အတွက် မြောက်ဦးမြို့နယ်က လယ်သမားတစ်ထောင်လောက်ဟာ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။
ကယားပြည်နယ်မှာ စစ်တပ်က သိမ်းဆည်းထားပြီး အသုံးမပြုတဲ့ လွိုင်ကော်မြို့နယ်ထဲမှာရှိတဲ့ ကျေးရွာပိုင်လယ်ယာမြေတွေကို ပြန်လည်ပေးအပ်ဖို့ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ကြပါတယ်။






