ရိုဟင်ဂျာ ရွာသားများ - ဗြိတိသျှအစိုးရ၏ အရင်းအနှီးများကို လူမျိုးတုန်းသတ်ဖြတ်မှုတွင် သုံး

ရိုဟင်ဂျာ ရွာသားများ - ဗြိတိသျှအစိုးရ၏ အရင်းအနှီးများကို လူမျိုးတုန်းသတ်ဖြတ်မှုတွင် သုံး
Photo: အလယ်သံကျော်ရှိ တယ်လီနော်တာဝါတိုင်
Photo: အလယ်သံကျော်ရှိ တယ်လီနော်တာဝါတိုင်

ယနေ့ ရိုဟင်ဂျာရွာသားတစုက ဗြိတိသျှအစိုးရထံ ကန့်ကွက်စာပေးပို့ခဲ့သည်။ ၎င်းစာတွင် ဗြိတိသျှအစိုးရ၏ အထောက်အပံ့ဖြင့်ဆောက်လုပ်သော  ဆက်သွယ်ရေးတာဝါတိုင်ကို မြန်မာစစ်တပ်က ၂၀၁၇ ခု ရခိုင်ပြည်နယ် ရှင်းလင်းမှုစစ်ဆင်ရေး၊ လူမျိုးတုန်းသတ်ဖြတ်မှုတွင် အသုံးပြုခဲ့ကြောင်းပါရှိသည်။

အလယ်သံကျော် အမှန်တရားဖေါ်ထုတ်ရေးကော်မီတီ (CSJA) က ပြုစုပေးသည့် ထိုကန့်ကွက်စာတွင် ဗြိတိသျှအစိုးရ၏ နိုင်ငံတကာရင်းနှီးမြုပ်နှံမှု လက်တံဖြစ်သည့် CDC က Irrawaddy Green Tower Company (IGT) ကို မောင်တောတောင်ဘက်ရှိ အလယ်သံကျော်ရွာတွင် ဆက်သွယ်ရေးတာဝါတိုင်ဆောက်ရန် ငွေရင်းနှီးခဲ့သည်။

ထိုတာဝါတိုင်ပေါ်မှ စစ်တပ်စနိုက်ပါသမားတို့က ရိုဟင်ဂျာရွာသားတို့ကို ၂၀၁၇ ခုနှစ် ဩဂုတ်လတွင် ပစ်ခတ်သတ်ဖြတ်ခဲ့သည်။

တာဝါတိုင်ကို IGT က ပိုင်ဆိုင်ကြောင်း CSJA သိလာရသည်မှာ ၂၀၁၉ ခုနှစ် ဒီဇင်ဘာတွင် နော်ဝေးအစိုးရပိုင် တယ်လီနော်ကုမ္ပဏီက OECD ကို ရင်းနှီးမြုပ်နှံမှု စည်းကမ်းဖေါက်ဖျက်ကြောင်း ကန့်ကွက်စာကြောင့်ဖြစ်သည်။ တယ်လီနော်သည် အလယ်သံကျော် တာဝါတိုင်ကို ငှါးထားခဲ့သည်။

CSJA ၏ ရိုဟင်ဂျာများက ဗြိတိသျှအစိုးရသို့ ပေးစာတွင် “ဗြိတိသျှအစိုးရက သူ့လူထုအခွန်ငွေကို မြန်မာစစ်တပ်က လူမျိုးတုန်းသတ်ဖြတ်တဲ့ IGT အဆောက်အဦတွေမှာ ရင်းနှီးမြုပ်နှံခဲ့ပါက အလယ်သံကျော် သတ်ဖြတ်မှုတွေကို ဘက်လိုက်မှုကင်းပြီး မျှမျှတတ စုံစမ်းစစ်ဆေးမှုများပြုလုပ်ပေးရမည်။ သို့မှသာ ထိုကဲ့သို့သောအမှုများ ထပ်မဖြစ်ရန် တားဆီးနိုင်မယ်”

ဗြိတိသျှရံပုံငွေဖြင့်ဆောက်လုပ်သော အလယ်သံကျော် တာဝါတိုင်ကို တလွဲအသုံးချခြင်းအား ကုလသမဂ္ဂအထူးကိုယ်စားလှယ် မစ္စရမ်ဟီလီက ၂၀၁၉ ခု မတ်လ အစီရင်ခံစာတွင် အထင်အရှားဖေါ်ပြခဲ့သည်။

“တပ်မ ၉၉ ခြေလျှင်တပ်ရင်းသည် ၂၀၁၇ ခု ဩဂုတ်လ ၂၅ ရက်မတိုင်မှီ အလယ်သံကျော်ရွာမှာ တပ်စွဲထားခဲ့တယ်။ ဒီတပ်က ၂၅ ရက်နေ့မှာ ယောက်ျား၊ မိန်းမ၊ ခလေး အနည်းဆုံး ၅၀ ကို သတ်တယ်။ နောက်နေ့မှာ စနက်ပါသမားတွေကို အိမ်ခေါင်မိုးပေါ်မှ၎င်း၊ MPT တာဝါတိုင်ပေါ်မှ၎င်း၊ တယ်လီနော်တာဝါတိုင်အပေါ်မှ နေရာယူထားကြပြီး ထွက်ပြေးတဲ့ရွာသူရွာသားတွေကို ပစ်သတ်တယ်။ အလောင်းတွေကို စစ်သားတွေက ရေတွင်းတွေနဲ့ တယ်လီနော်တာဝါတိုင်အောက်မှာ ပစ်ထားကြတယ်”

ဗြိတိသျှအစိုးရထံပို့တဲ့ CSJA စာထဲမှာ “တယ်လီနော်မြန်မာ ဆောက်တဲ့ တာဝါတိုင် RA 0224 ဟာ စစ်ရာဇဝတ်ကျူးလွန်တဲ့နေရာဘဲ။ ဒီလိုဖြစ်အောင် IGT ဆက်သွယ်ရေးဆောက်လုပ်သူရော၊ ငွေကြေးထောက်ပံ့တဲ့ CDC မှာပါ တာဝန်ရှိတယ်။ ရခိုင်ပြည်နယ်မှာ အန္တရာယ်များတဲ့ စီးပွါးရေးကို CDC က လုပ်လို့ဘဲ”

CSJA ရဲ့စာထဲမှာ ရခိုင်ပြည်နယ်မှာ အန္တရာယ်ရှိတာကို သိထားကြပါတယ်။ ၂၀၁၆ ခုတုန်းကလည်း ရိုဟင်ဂျာတွေအပေါ် စစ်တပ်က ဒီလို နှိပ်စက်မှုတွေ လုပ်ခဲ့ပြီးပြီ “တာဝါတိုင်ပိုင်ရှင်ဖြစ်တဲ့ IGT က ၂၀၁၆ ခုမှာဖြစ်တာမျိုး တဝါတိုင်တွေမှာ ထပ်ဖြစ်လိမ့်မယ်ဆိုတာသိလို့ အလယ်သံကျော်က သူတို့အမှုထမ်းတွေ ပြန်ခေါ်သွားတယ်။ ၂၀၁၇ မှာ အလုပ်ဆက်လုပ်တယ်၊ အရင်နှိပ်စက်ခဲ့တဲ့ ဒီစစ်တပ်တွေဘဲရှိနေတာကို လုံးဝ အမှတ်မရှိဘူး။ လုံခြုံရေးတပ်တွေက သူတို့ဆောက်လုပ်ရေးလူပ်ငန်းမှာ ကူညီပေးခဲ့ကြတယ်”

မြန်မာပြည်မှာ ဖေဖဝါရီ ၁ ရက်နေ့ အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြတဲ့လူထုကို မြို့ထဲက မြင့်မားတဲ့ အဆောက်အဦတွေပေါ်ကနေ စစ်တပ်က စနိုက်ပါသုံးပြီး အပြစ်မဲ့လူထုတွေကို ပစ်သတ်တယ်။

အဲဒီ စနက်ပါသမားတချို့ဟာ ၂၀၁၇ ခု ရခိုင်ပြည်နယ် ရှင်းလင်းမှုစစ်ဆင်ရေးမှာ ပါဝင်ခဲ့တဲ့တပ်တွေပါဘဲ။

Most read this week

August 28, 2023
မြန်မာနိုင်ငံ၏ အာဏာရှင် ခေတ်အဆက်ဆက်တွင် ပုံစံမျိုးစုံနှင့် လူမျိုးတုန်းသတ်ဖြတ်‌မှုကို ခံခဲ့ရပြီး...
July 5, 2023
ပဲခူးတိုင်း၊ ဒိုက်ဦးမြို့နယ်၊ ကျိုက်စကောအကျဥ်းထောင်က နိုင်ငံရေးအကျဥ်းသား ၃၇ ယောက်ကို ထောင်ရွှေ့...
June 28, 2023
ဇွန်လ ၂၉ ရက်နေ့မှာ ကျရောက်တဲ့ အိဒွလ်အသွဟာ (Eid ul Adha) နေ့အတွက် အစ္စလာမ်ဘာသာဝင်တွေက...
June 28, 2023
မကွေးတိုင်း၊ အောင်လံမြို့နယ်ထဲက သက်တမ်းလွန် ကျော်စွာ ဓာတ်မြေဩဇာ စက်ရုံကို လက်နက်ထုပ်လုပ်ရန်...