Published
Monday, May 31, 2021
ရှမ်းနီအမျိုးသားများတပ်မတော် SNA ရဲ့ ဒု-ဦးစီးချုပ် ဗိုလ်ချုပ်စစ်ခွန်ကျော် လုပ်ကြံခံရ
ကယားပြည်နယ်လို့ခေါ်တဲ့ ကရင်နီပြည်နယ်ထဲမှာ ပြီးခဲ့တဲ့အပတ်အတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်ဖွဲ့တွေအကြား တိုက်ခိုက်မှုတွေ ပြင်းထန်ခဲ့ပါတယ်။
တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့မှာ မေလ ၂၈ ရက်နေ့ မနက်ပိုင်းက ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပြီး လူတစ်ဦးသေဆုံးခဲ့ပါတယ်။
ရှမ်းနီအမျိုးသားများတပ်မတော် SNA က ဒု-ဦးစီးချုပ် ဗိုလ်ချုပ်စစ်ခွန်ကျော်ဟာ သူ့တပ်ထဲမှာ နေနေစဉ်မှာပဲ လုပ်ကြံခံလိုက်ရပါတယ်။






