Published
Friday, May 28, 2021
ဟားခါးနဲ့မင်းတပ်မြို့နယ်မှာ CDF နဲ့ စစ်ကောင်စီတပ်ဖွဲ့ကြား တိုက်ပွဲဖြစ်ပွား၊ စစ်ကောင်စီဘက်က ၁၀ ဦး သေဆုံး
ချင်းပြည်နယ် ဟားခါးနဲ့မင်းတပ်မြို့နယ်တွေမှာ ပြီးခဲ့တဲ့အပတ်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ CDF နဲ့ စစ်ကောင်စီတပ်ဖွဲ့ကြား တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီဘက်က ၁၀ ဦး သေဆုံးခဲ့ပါတယ်။
ချင်းပြည်နယ် မတူပီမြို့နယ်မှာ အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကြား တိုက်ပွဲဖြစ်ပွားလာမှာကို စိုးရိမ်တာကြောင့် မြို့ခံတော်တော်များများ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြပါတယ်။
စစ်အုပ်ချုပ်ရေးကြေညာခံထားရတဲ့ ချင်းပြည်နယ် မင်းတပ်မြို့က ပြည်သူလူထုအားလုံးနီးပါး စစ်ဘေးတိမ်းရှောင်နေကြပြီး ကူညီထောက်ပံ့မှုတွေ အရေးတကြီး လိုအပ်နေပါတယ်။






