မွန်ပြည်နယ် ငြိမ်းချမ်းရေးအတွက် မွန်စီးပွားရေးလုပ်ငန်းရှင်များ ကူညီမည်

မွန်ပြည်နယ် ငြိမ်းချမ်းရေးအတွက် မွန်စီးပွားရေးလုပ်ငန်းရှင်များ ကူညီမည်
by -
မွန်သတင်းအေဂျင်စီ
မွန်ပြည်နယ်၏ ငြိမ်းချမ်းရေးနှင့် လူမှုစီးပွားဘဝတည်ငြိမ်ဖွံ့ဖြိုးရေးအတွက် မွန်စီးပွားရေးလုပ်ငန်းရှင်များက ကူညီဆောင်ရွက်သွားရန် မွန်ပြည်နယ် မော်လမြိုင်မြို့ ရွိုင်ရယ်ဟင်္သာဟိုတယ်တွင် မေ ၁၃ရက်က မွန်ပြည်နယ် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းနှင့် United Nations Global Compact Network Myanmar တို့ ကတိကဝတ်ပြု လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

အဆိုပါ ကတိကဝတ်လက်မှတ်ကို မွန်ပြည်နယ် ဒေသခံစီးပွားရေးလုပ်ငန်းရှင်များကိုယ်စား မွန်ပြည်နယ် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း၊ United Nations Global Compact Network Myanmar၊ တို့မှ ပူးပေါင်းကာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ၊ ငြိမ်းချမ်းရေးကော်မရှင် ဒုတိယဥက္ကဌ ဦးသိန်းဇော် နှင့် ကုန်သည်စက်မှုအသက်းချုပ် ဒုတိယဥက္ကဌ ဦးသိန်းဟန်တို့ ပါ၀င် ရေးထိုးခဲ့ကြောင်း သိရသည်။

“စီးပွားရေးလုပ်ငန်းတွေဟာ Profit ဆိုတဲ့ အကျိုးအမြတ်အတွက် အလုပ်လုပ်ရသလို Planet သဘာဝပတ်ဝန်းကျင်နဲ့ Peopleလူထုအတွက် အကျိုးဖြစ်စေတဲ့ လုပ်ငန်းတွေ ဆောင်ရွက်ဖို့လည်း တာဝန်ရှိပါတယ်” ဟု United Nations Global Compact Network Myanmar ၏ ဥက္ကဌ ဒေါက်တာအောင်ထွန်းသက် က ပြောသည်။

အဆိုပါ ကတိကဝတ်ပြုလက်မှတ်ရေးထိုးပွဲသို့ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်ကသဝဏ်လွှာပေးပို့ခဲ့ပြီး ၎င်းအနေဖြင့် နိုင်ငံတော်အစိုးရနှင့်အတူ လုပ်ငန်းရှင်များ၏ ကြိုးပမ်းမှုတွင် ပါ၀င်ကူညီဆောင်ရွက်ရန် အသင့်ရှိကြောင်း ပါရှိသည်။

“မွန်ပြည်နယ်အတွင်း စီးပွားရေးဖွံ့ဖြိုးလာအောင် လုပ်ငန်းရှင်များ ဆောင်ရွက်နိုင်ပါက အခြားငြိမ်းချမ်းမှုမရရှိသေးသည့် ဒေသများအတွက် အားကျအတုယူစရာဖြစ်စေပြီး တစ်နိုင်ငံလုံး ငြိမ်းချမ်းရေး ဖွံ့ဖြိုးရေးသို့ ဦးတည်သွားနိုင်သည်” ဟု မွန်ပြည်နယ် ဒေသခံ စီးပွားရေး လုပ်ငန်းရှင် ဦးမိုးကျော်က ပြောသည်။

မွန်ပြည်နယ် ၀န်ကြီးချုပ် ဒေါက်တာအေးဇံ က ပြည်နယ်ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို စီးပွားရေးဖွံ့ဖြိုးတိုးတက်စေမှုနှင့် တွဲလျက်လုပ်ဆောင်သွားမည်ဟု ဆိုပြီး ပြည်နယ်အတွင်း လူမှုဘဝတည်ငြိမ်ရေးနှင့် မညီမျှမှုလျော့ချရေးအတွက် ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးရေးနှင့် ကုန်စည်ဝန်ဆောင်မှုစျေးကွက် တည်ငြိမ်စေရေးအတွက် ဆောင်ရွက်ကြရန် တိုက်တွန်းခဲ့သည်။

အဆိုပါ ငြိမ်းချမ်းရေးအတွက် စီးပွားရေးလုပ်ငန်းများ Business for Peace အစီအစဉ်ကို ကုန်သည်စက်မှုအသင်းချုပ်မှ ဦးဆောင်ကာ ရန်ကုန်မြို့တွင် ဧပြီ ၄ရက်တွင် စတင်မိတ်ဆက်ခဲ့ပြီး မေ ၁၃ရက်တွင် မွန်ပြည်နယ် နှင့် မေ ၁၄ရက်တွင် ကရင်ပြည်နယ် ဘားအံမြို့တွင် ဆက်လက် မိတ်ဆက်သွားမည်ဖြစ်ကြောင်း သိရသည်။

January 22, 2026
ကရင်နီပြည်နယ်၊ မယ်စဲ့မြို့နယ်ရှိ အကျဉ်းထောင်မှ ထွက်ပြေးသွားသော စစ်ကော်မရှင်တပ်သား...
January 21, 2026
စစ်ကော်မရှင်၏ ရွေးကောက်ပွဲ နောက်ဆုံးအပိုင်းတွင် ပါဝင်နေသည့် ကော့ကရိတ်မြို့နယ်တွင်...
January 20, 2026
မြန်မာနိုင်ငံအနှံ့ စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင်အားစုများကြား ဖြစ်ပွားနေသည့်...
မော်လမြိုင်မြို့ နယ်မြေခံသင်တန်းကျောင်းတွင် သင်တန်းအမှတ်စဉ် (၂၁) (၁/၂၀၂၆) တက်ရောက်ရန် စုဆောင်းခံရသူများ
January 19, 2026
စစ်ကော်မရှင်၏ ပြည်သူ့စစ်မှုထမ်း အပတ်စဉ်များလာသည်နှင့်အမျှ သင်တန်းသားလိုအပ်ချက်လည်း များလာပြီး...