Published
Monday, May 17, 2021
မံစီမြို့က အာဏာသိမ်းစစ်တပ်ရဲ့ တပ်စခန်းတွေကို KIA ဝင်ရောက်တိုက်ခိုက်
ကချင်ပြည်နယ်မှာ တိုက်ပွဲပြင်းထန်လာပေမဲ့ အရင်ကတည်းက နေရပ်ပြန်ဖို့စီစဉ်ထားတဲ့ ဝိုင်းမော်-ဒဘတ်မှာတော့ နေရပ်ပြန်ခြင်းဆုတောင်းခြင်းအစီအစဉ်ကို မေလ ၁၃ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။
မိုးမောက်မြို့နယ် ဒေါ့ဖုန်းယန်နဲ့မြို့သစ်ကျေးရွာအရှေ့ဘက် အလော့ဘွမ်တောင်ခြေကို အာဏာသိမ်းစစ်တပ်က အင်အားထောင်ချီတိုးချဲ့လာချိန်မှာပဲ မံစီမြို့က စစ်တပ်ရဲ့တပ်စခန်းတွေကို KIA က ဝင်ရောက်တိုက်ခိုက်နေပါတယ်။
စစ်တပ်သတင်းပေးလို့ အထင်ခံရတဲ့သူတွေ ပစ်သတ်ခံရတာ ဒီတပတ်အတွင်း ကချင်ပြည်နယ်မှာ ၃ မှုရှိခဲ့ပါတယ်။






