ရက္ခိုင့်တပ်တော် AA နဲ့ စစ်တပ်တို့အကြား တိုက်ပွဲတွေဖြစ်ပွားတာကြောင့် ၂၀၂၀ နှစ်ဆန်းပိုင်းကတည်းက ပလက်၀မြို့နဲ့ ဆမီးမြို့တွေမှာ စစ်ဘေးတိမ်းရှောင်နေကြရတဲ့ စစ်ပြေးဒုက္ခသည်တွေရဲ့ ယာယီစခန်းတွေဟာ ဟောင်းနွမ်းဆွေးမြေ့ပြီး အချိန်မီ ပြင်ဆင်ပေးမှုတွေ မလုပ်နိုင်ဘူးဆိုရင် မိုးရာသီကာလမှာ ကြီးမားတဲ့အခက်အခဲနဲ့ ကြုံရနိုင်ပါတယ်။
အာဏာသိမ်းစစ်ကောင်စီက မေလ ၅ ရက်နေ့ကစပြီး တက္ကသိုလ်တွေ ပြန်လည်ဖွင့်လှစ်လိုက်ပေမဲ့ ချင်းပြည်နယ် ဟားခါးတက္ကသိုလ်မှာတော့ ဒီနေ့အချိန်ထိ တက်ရောက်တဲ့ကျောင်းသူ၊ ကျောင်းသား မရှိသေးဘူးလို့ သိရပါတယ်။
ချင်းပြည်နယ် ဟားခါးမြို့နယ် ဆူးရ်ခွါးမြို့က အာဏာသိမ်းစစ်ကောင်စီရဲ့ ရဲစခန်းကို ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့ Chinland Defense Force (CDF) Hakha တပ်ဖွဲ့က ပြီးခဲ့တဲ့ မေလ ၈ ရက်နေ့ မနက် ၁၁ နာရီခွဲလောက်မှာ ဝင်ရောက်စီးနင်းပြီး မီးရှို့ဖျက်ဆီးလိုက်ကြတယ်လို့ သိရပါတယ်။






