မိုးမောက်မြို့နယ်ရှိ သျှမ်းတောင်သူများအား လယ်ယာရိတ်သိမ်းမှုမပြုလုပ်ရန် စစ်ကောင်စီမှ ခြိမ်းခြောက်

မိုးမောက်မြို့နယ်ရှိ သျှမ်းတောင်သူများအား လယ်ယာရိတ်သိမ်းမှုမပြုလုပ်ရန် စစ်ကောင်စီမှ ခြိမ်းခြောက်

ကချင်ပြည်၊ မိုးမောက်မြိုု့နယ်အတွင်းနေထိုင်သည့် သျှမ်းတောင်သူများအား လယ်ယာလုပ်ငန်းများ သွားရောက်လုပ်ကိုင်ခြင်းမပြုရန် ခြိမ်းခြောက်နေကြောင်း စုံစမ်းသိရသည်။

လက်ရှိအချိန်ကာလသည် ကချင်ပြည်နေ သျှမ်းတောင်သူများသည် မြေပဲ၊ ပြောင်းဖူးများ ရိတ်သိမ်းချိန်ကာလဖြစ်ကြောင်း၊ တောင်သူများအား တောင်ယာသွားရောက်ရိတ်သိမ်းမည်ဆိုပါက စစ်ကောင်စီမှ သေနတ်ဖြင့်ပစ်သတ်မည်ဟု ခြိမ်းခြောက်နေသဖြင့် ပြည်သူများ အခက်အခဲဖြစ်နေကြောင်း သိရသည်။

“အခုက ရွာသားတွေ လယ်ထဲသွားလို့မရဘူး။ သူတို့ မြေပဲတွေ၊ ပြောင်းဖူးတွေ သွားရိတ်သိမ်းလို့မရတော့ဘူး။ သွားရင် စစ်ကောင်စီက ပစ်မယ်လို့ပြောတယ်။ ပြည်သူတွေ ရှေ့ဆက်စိုက်ပျိုးဖို့ အခက်ခဲတွေရှိလာနိုင်တယ်” ဟု ကချင်ပြည် ရှမ်းတိုင်းရင်းများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) မှ စိုင်းကျော်သီဟက သျှမ်းသံတော်ဆင့်ကိုပြောသည်။

မိုးမောက်မြိုနယ်ရှိ မြေပဲ၊ ပြောင်းဖူး စိုက်ပျိုးထားသည့် ဧက (၁၀၀၀) ကျော် ရိတ်သိမ်းခွင့်မရသေးသဖြင့် စားဝတ်နေရေး ခက်ခဲလာနိုင်ကြောင်းလည်း စိုင်းကျော်သီဟက ပြောသည်။

“အခုက အရမ်းကိုခက်ခဲနေပါတယ်။ ဧက (၁၀၀၀) ကျော်ရှိတယ်။ အားလုံးက စားဝတ်နေရေးအတွက် လယ်ယာနဲ့ပဲ လုပ်ကိုင်စားသောက်နေကြတယ်။ အခုက စပါးသွားစိုက်လို့လဲမရဘူး။ သူတို့ ကြိုးနီးတားထားတယ်” ဟု စိုင်းကျော်သီဟက ထပ်လောင်းပြောသည်။

မိုးမောက်မြို့နယ်အတွင်းတွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် စစ်ကောင်စီအုပ်စု စစ်ရေးပြင်းထန်နေသည့် နေရာတခုဖြစ်ပြီး၊ စစ်ကောင်စီအုပ်စုမှ လေကြောင်းဖြင့် ဗုံးကြဲမှုများ ဆက်တိုက်ပြုလုပ်နေခြင်းကြောင့် သျှမ်းရွာအမြောက်အများ ပျက်စီးဆုံးရှုံးကာ အရပ်သား (၃) ဦး သေဆုံးခဲ့ရသည်။

ထိုနေရာတွင် နေထိုင်သူအများစုမှာ သျှမ်းတိုင်းရင်းသားများဖြစ်ကြပြီး ကျေးရွာပေါင်း ၉ ရွာလောက်က အခက်ခဲများ ကြုံတွေ့နေရသည်။

လက်ရှိအချိန်ထိ ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်တွင် KIA နှင့် အာဏာသိမ်းစစ်ကောင်စီတို့ တိုက်ပွဲများ ဆက်လက်ပြင်းထန်နေကြောင်း သိရသည်။

May 1, 2026
စိုင်းဆိုင်အိုက် — ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ...
April 30, 2026
စိုင်းခွမ်မိန်း — သျှမ်းပြည် နမ့်ခမ်းမြို့နယ်ရှိ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများတွင်...
April 29, 2026
စိုင်းဟန်လင်း — ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့တွင် အွန်လိုင်းလိမ်လည်မှု (ကျားဖြန့်)...
April 28, 2026
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်မှုထမ်း အမှတ်စဉ်(၁)အတွက် မဲနှိုက်ရာမှ ပါရှိသွားသည့်...