NCA မူဘောင်များအတိုင်း တိကျစွာလိုက်နာကျင့်သုံးပြီး ငြိမ်းချမ်းရေးကိုထိန်းသိမ်းရန် KNU ဥက္ကဋ္ဌ တိုက်တွန်း

NCA မူဘောင်များအတိုင်း တိကျစွာလိုက်နာကျင့်သုံးပြီး ငြိမ်းချမ်းရေးကိုထိန်းသိမ်းရန် KNU ဥက္ကဋ္ဌ တိုက်တွန်း

သက်ဆိုင်ရာအစုအဖွဲ့များနေဖြင့် အပစ်ရပ်စာချုပ် (NCA) မူဘောင်များအတိုင်း တိကျစွာလိုက်နာကျင့်သုံးပြီး ငြိမ်းချမ်းရေးကိုထိန်းသိမ်းကြပါရန် တိုက်တွန်းကြောင်း KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးက ယနေ့ (မေ ၁၀) သဘောထားထုတ်ပြန်ကာ ပြောဆိုလိုက်သည်။

"KNU - ကရင်အမျိုးသားအစည်းအရုံးအနေဖြင့် တွေ့ဆုံဆွေးနွေးခြင်း၊ မူဘောင်များအား လိုက်နာကျင့်သုံးခြင်းကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး သက်ဆိုင်သူအားလုံးအနေဖြင့်လည်း အပစ်ရပ်စာချုပ် (NCA) မူဘောင်များအတိုင်း တိကျစွာ လိုက်နာကျင့်သုံးလျက် ငြိမ်းချမ်းရေးကို ထိန်းသိမ်းကြပါရန် အလေးအနက်တိုက်တွန်းကြောင်း" ဟု KNU ဥက္ကဋ္ဌ၏ သဘောထားထုတ်ပြန်ချက်တွင် ပြောဆိုထားသည်။

၂၀၂၁ ခုနှစ်တွင် မြန်မာနိုင်ငံ၏ နိုင်ငံရေးအပြောင်းအလဲအချိန်အခါ အခြေအနေတစ်ခုတွင် နိုင်ငံရေးပြဿနာကို လက်နက်ကိုင်နည်းလမ်းဖြင့် ဖြေရှင်းရန် ကြိုးပမ်းလာကြသည်ကို ဝမ်းနည်းဖွယ်တွေ့မြင်နေရသဖြင့် နိုင်ငံရေးပြဿနာအား နိုင်ငံရေးနည်းလမ်းကောင်းဖြစ်သည့် တွေ့ဆုံဆွေးနွေးခြင်းဖြင့်သာအဖြေရှာရန် သဘောထားရှိသည်ဟုလည်း KNU ဥက္ကဋ္ဌက ဆက်ပြောသည်။

KNU - ကရင်အမျိုးသားအစည်းအရုံးသည် ဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၅ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်နေ့တွင် အခြားသောတိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်း ၈ ဖွဲ့နှင့်အတူ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) ကို လက်မှတ်ရေးထိုးထားသည်။

May 2, 2026
နန်းဝေဖြိုး — တောတောင်များကြားက တရှရှ တိုက်ခတ်လာတဲ့ လေပြေနဲ့အတူ ယွန်းစလင်းချောင်းရေဟာ...
Photo : KIC
May 1, 2026
ကေအဲန်ယူ -ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်နယ်မြေများအတွင်း စစ်အုပ်စု၏...
April 30, 2026
ကရင်ပြည်နယ်၊ နယ်စပ်မြို့ဖြစ်သည့် မြဝတီမြို့အတွင်း ခွင့်ပြုချက်မရှိဘဲ လက်နက်ကိုင် ဆောင်သွား...
April 29, 2026
မြဝတီ-မဲဆောက်ကုန်သွယ်ရေးတံတားအမှတ်(၂)ကို ပြန်လည်ဖွင့်လှစ်တော့မည့်သတင်းများ ထွက်ပေါ်လာအပြီး ဧပြီလ...