ဖက်ဒရယ် ဒီမိုကရေစီတည်ဆောက်ရာတွင် တိုင်းရင်းသားများ ဘုံရပ်တည်ချက် ရရှိရေး ဆွေးနွေးနေ

ဖက်ဒရယ် ဒီမိုကရေစီတည်ဆောက်ရာတွင် တိုင်းရင်းသားများ ဘုံရပ်တည်ချက် ရရှိရေး ဆွေးနွေးနေ
by -
မဇ္ဈိမ
အနာဂတ် နိုင်ငံရေးဆွေးနွေးပွဲတွင် ထည့်သွင်းဆွေးနွေးနိုင်ရန်နှင့် အနာဂတ် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရာတွင် တိုင်းရင်းသားများအကြား ဘုံသဘောတူညီချက် တစ်ခုရရှိရေးအတွက် ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် ဆွေးဆွေးပွဲ တစ်ရပ် ကျင်းပနေသည်။

မေလ ၁၁ ရက်နေ့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ (မဒီရာ) Madira ဟိုတယ်တွင် တိုင်းရင်းသား လူမျိုးများစင်တာ (ပြည်ထောင်စု မြန်မာနိုင်ငံ) -Ethnic Nationalities Affairs Center-ENAC မှ အနာဂတ် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရာတွင် အခြေခံသင့်သော ကဏ္ဍအလိုက် မူဝါဒအကြံပြုချက်များ(မူကြမ်း) အပေါ် အကြံဉာဏ်များ ရယူရန်အတွက် ဆွေးနွေးပွဲ ကျင်းပနေခြင်း ဖြစ်သည်။

“ကျွန်တော်တို့ အီးနက်က စုစည်းထားနဲ့ အနာဂတ် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်တဲ့အခါမှာ မူကြမ်း ၉ ခု ကို အခြေခံပြီးတော့ အကြံပြုချက်တွေ ဆက်လက် ရယူဖို့ ဖြစ်တယ်။ ဒီမူကြမ်းကို တိုင်းရင်းသားတွေ ကြားထဲမှာ ဘုံနားလည်မှုတွေ ရဖို့၊ အဲဒီဘုံနားလည်မှုကို အနာဂတ် နိုင်ငံရေးဆွေးနွေးပွဲမှာ သုံးဖို့ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လုပ်တာ ဖြစ်ပါတယ်”ဟု ENAC မှ ဒုတိယ အလုပ်အမှုဆောင် နိုင်ဗညာမွန်က မဇ္စျိမကို ပြောသည်။

၄င်းမူကြမ်းတွင် ပါဝင်သော (၁) ပညာရေး၊ (၂) ကျန်းမာရေး၊ (၃) မြေယာ၊ (၄) သဘာဝသယံဇာတ၊ (၅) စိုက်ပျိုးရေး၊ (၆) ပြည်တွင်း နေရပ် စွန့်ခွာ တိမ်းရှောင်သူများနှင့် ဒုက္ခသည်များ၊ ( ရ) လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ၊ (၈) အခွန်ကောက်ခံခြင်း၊ (၉ ) ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံ မှုဆိုင်ရာ မူဝါဒများနှင့် ပတ်သက်၍ အစိုးရအဖွဲ့ဝင်များ၊ နိုင်ငံရေး ပါတီများ၊ လူထုအခြေပြု အဖွဲ့အစည်းများနှင့် နှီးနှောတိုင်ပင်သော ဆွေးနွေးသွားမည် ဖြစ်ကြောင်း သိရသည်။

၄င်းမူကြမ်းကို ဆိုင်ရာဆိုင်ရာ ပါဝင်ပတ်သက်သည့် အဖွဲ့အစည်းများမှ နိုင်ငံရေးဆွေးနွေးပွဲတွင် အသုံးပြုနိုင်ရန် ရည်ရွယ်၍ လုပ်ဆောင်နေခြင်း ဖြစ်ဖြစ်သလို၊ တိုင်းရင်းသားများအကြား ဘုံရပ်တည်ချက်အပြင် ညီညွတ်မှုကို ရရှိနိုင်မည်ဟု မျော်လင့်ကြောင်း နိုင်ဗညားမွန်က ပြောသည်။

“ဒီဆွေးနွေးပွဲက ကျွန်တော်တို့ တိုင်းရင်းသားကြားထဲမှာ တိုင်းရင်းသားလူမျိုးများနဲ့ ဆိုင်တဲ့ ဒီပေါ်လစီ တွေကို ဘုံသဘောတူ၊ ဘုံနားလည်မှု ရရှိဖို့ ကျွန်တော်တို့ မျော်မှန်းတယ်။ ဒီရလာတဲ့ ဘုံနားလည်မှုအပေါ်မှာ ဘုံရပ်တည်မှု တစ်ခုဖြစ်အောင် မျော်မှန်းတယ်။ အဲဒီမျော်မှန်းချက်နဲ့ ဒီဘုံနားလည်မှု ဘုံရပ်တည်မှုပေါ်မှာ ကျွန်တော်တို့ နိုင်ငံရေးဆွေးနွေးပွဲပါဝင်ဖို့ ဖြစ်တယ်။ ဒီဆွေးနွေးချက်က ုိ့ တိုင်းရင်းသားတွေအတွက် အကျိုးရှိမယ်လို့ မျော်လင့်တယ်။ ကျွန််တော်တို့ ကြားထဲမှာ ညီညွတ်မှုကို တည်ဆောက်နိုင်မယ်လို့ မျော်လင့်ပါတယ်”ဟု သူက ပြောသည်။

၄င်းမူဝါဒအကြံပြုချက်များ(မူကြမ်း)နှင့် ပတ်သက်၍ အကြံဉာဏ်များ ရယူရန်အတွက် အစိုးရ အဖွဲ့ဝင်များ၊ နိုင်ငံရေးပါတီများ၊ လူထုအခြေပြုအဖွဲ့အစည်းများမှ ကိုယ်စားလှယ်ပေါင်း ၅၀ ခန့် ဖိတ်ကြားထားသည်ဟု သူက ပြောသည်။

ENACမှ အဆိုပါ မူကြမ်းကို ပြီးခဲ့သည့် ၂၀၁၆ ခုနှစ်က ပုံနှိပ်ထုတ်ဝေခဲ့ပြီး ၄င်းမူကြမ်းအပေါ် တိုင်းရင်းသားများအကြား ဘုံရပ်တည်ချက် ရရှိရန် အကြံဉာဏ်များ ယူနေခြင်း ဖြစ်သည်။ မနက်ဖြန် မေလ ၁၂ ရက်ထိ နှစ်ရက်ကြာ ကျင်းပမည် ဖြစ်သည်။

၄င်းမူကြမ်းကို ENAC မှ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများများ၊ အရပ်ဘက် လူထုအခြေပြု အဖွဲ့အစည်းများနှင့်လည်း မကြာခဏ အလုပ်ရုံဆွေးနွေးပွဲများ ပြုလုပ်၍ အကြံဉာဏ်များ ရယူခဲ့သည်။

မြန်မာနိုင်ငံ ငြိမ်းချမ်းရေးဖြစ်စဉ်တွင် အထောက်အကူပြုနိုင်ရန်နှင့် မူဝါဒဆိုင်ရာ အချက်အလက်များ စုဆောင်းရန်အတွက် ၂၀၁၃ ခုနှစ် ဇူလိုင်လက တိုင်းရင်းသား လူမျိုးများရေးရာစင်တာ (ပြည်ထောင်စု မြန်မာနိုင်ငံ)ကို ဖွဲ့စည်းခဲ့သည်။

NUCC ၏ ကောင်စီဝင်များကို ၂၀၂၆ ခုနစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့က ပြုလုပ်သည့် NUCC ၏ သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်။ (မောင်ခက်နွေ)
April 2, 2026
မောင်ခက်နွေ — နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဏ်...
April 1, 2026
ယမင်းဖူးပွင့်အောင် - အာဏာသိမ်းစစ်ကော်မရှင်တပ်၏ စစ်ထောက်လှမ်းရေးချုပ် (စရဖချုပ်) အဖြစ်...
March 31, 2026
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကာကွယ်ရေးဦးစီးချုပ် (တပ်ချုပ်)...
March 30, 2026
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ယနေ့ (မတ် ၃၀ ရက်) ကျင်းပသည့် ၂၀၂၆...