Published
Monday, May 03, 2021
UG ပေါ်ပေါက်လာခြင်းဟာ အာဏာရှင်စနစ်အမြစ်ပြတ်ဖို့ အရေးကြီးတဲ့ခြေလှမ်းဖြစ်တယ်လို့ ဗိုလ်ချုပ်ကြီးယွက်စစ် ပြော
စစ်ကောင်စီက ပစ်ခတ်တိုက်ခိုက်မှုရပ်စဲခြင်း တစ်လတိုးကြောင်း ကြေညာလိုက်တဲ့နေ့မှာပဲ ကချင်နဲ့ကရင်ပြည်နယ်တွေမှာ မြေပြင် ဝေဟင် ထိုးစစ်ဆင်မှုတွေကို ဆက်လုပ်ခဲ့ပါတယ်။
ကြားကာလ အမျိုးသားညီညွှတ်ရေးအစိုးရ NUG ပေါ်ပေါက်လာခြင်းဟာ အာဏာရှင်စနစ်အမြစ်ပြတ်ဖို့နဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးအတွက် အရေးကြီးတဲ့ ခြေလှမ်းဖြစ်တယ်လို့ PPST ယာယီအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ကြီးယွက်စစ်က ပြောဆိုလိုက်ပါတယ်။
တိုက်ပွဲကြောင့် ကရင်ပြည်နယ် ဖာပွန်ခရိုင်းအတွင်းက ဒေသခံနှစ်ထောင်ကျော် ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ရက် KPSN က ပြောပါတယ်။






