တပိုင်တနိုင်ဆိုင်လေးတွေ မပျောက်ဖို့ရာ

တပိုင်တနိုင်ဆိုင်လေးတွေ မပျောက်ဖို့ရာ
by -
ကန္တရဝတီ
ထားလဲကျေးရွာ ကားလမ်းမကြီးဘေးမှာ တဲကလေးနဲ့ရောင်းနေတဲ့  ရိုးရာခေါင်ရည်ဆိုင်လေးတွေမှာ အမျိုးသမီးလေးတွေပဲ ရောင်းနေတာကိုတွေ့ရပါတယ်။

တချို့အမျိုးသမီးငယ်များက နွေရာသီကျောင်းပိတ်ရက်ရောက်လို့ အပိုဝင်ငွေလေးတွေ ရရှိအောင်ဆိုပြီးမှ စျေးလာရောင်းတဲ့သူတွေရှိသလို၊ ငယ်ငယ်လေးတည်းက ကျောင်းထွက်ပြီး စျေးရောင်းနေတဲ့ အမျိုးသမီးငယ်လေးတွေ ရှိပါတယ်။

ထားလဲခေါင်ရည်ချိုဆိုရင် မသိသူမရှိ၊ မကြိုက်သူမရှိ နာမည်ကြီးနေပြီး ဖရူဆိုမြို့နယ် ထားလဲရွာ ကားလမ်းမကြီးဘေးမှာ ရှိနေတဲ့ ခေါင်ရည်ဆိုင်တိုင်းမှာ ရရှိနိုင်ပါတယ်။

 ထားလဲခေါင်ရည်ချိုကို ရောင်းချနေကြတဲ့ အမျိုးသမီးလေးတွေရဲ့ တဲအိမ်ဆိုင်လေးတွေထဲကို ဝင်ကြည့်မယ်ဆိုရင် ခေါင်ရည်၊ အချိုရည်၊ ကြက်ဥပြုတ်၊ ရေသန့် ၊ မြေပဲပြုတ် စတာတွေပဲ တွေ့ရတတ်ပါတယ်။ အချို့ဆိုင်လေးတွေမှာ မုန့်ထုတ်လေးတွေပါ တင်ရောင်းထားကြပါတယ်။

ထားလဲရွာရဲ့ ကားလမ်းမကြီးနှဘေးမှာ တပိုင်တနိုင်ချက်ပြုတ်ရောင်းချတဲ့ ခေါင်ဆိုင်လေးတွေ တနှစ်တခြားတိုးလာတာတွေ့ရတယ်။ တနည်းအားဖြင့် မိသားစု ဝင်ငွေတိုးဖို့ တဖက်တလမ်း အသက်မွေးဝမ်းကျောင်းတခု ဖြစ်လာတာတွေ့နေရပါတယ်။

အဲဒီဆိုင်တွေထဲမှာ ခေါင်ရည်နဲ့ တွဲဖက်မြည်းစားသင့်တဲ့ ကယားရိုးရာ ကြက်သားထုပ်၊ ၀က်သားထုပ်၊ ၀က်အူချောင်း၊ အမဲလုံး၊ ၀က်သားလုံး ၊ ကြက်သားကြော် ရိုးရာဟင်းထုပ် စတာတွေ မတွေ့ရှိရပါဘူး။

အကြောင်းကတော့ အသားငါးတွေ စျေးတက်လို့ မရောင်းနိုင်တော့တာဖြစ်တယ်လို့ ထားလဲကားလမ်းမဘေး တဲလေးထဲမှာ ခေါင်ရည်ရောင်းနေတဲ့ အဒေါ် ဒေါ်ကလောမာက ပြောပါတယ်။

ခရီးသွားတွေ လာရောက်စားသောက်တဲ့အချိန်မှာဆိုရင် ရိုးရာအစားအသောက်တွေ စားချင်နေပေမယ့် ရှာမရပါဘူး။ အရင်တုန်းက ဒေါ်ကလောမာဟာ ကယားဝက်အူချောင်း၊ အမဲခြောက်ကြော် စတာတွေ လုပ်ရောင်းပေမယ့် နောက်ပိုင်းမှာ ဝက်သား၊ အမဲသားစျေးတွေမှာ မြှင့်တက်လာတဲ့အတွက်ကြောင့့် ဒေါ်ကလောမာတို့ခမျာ တင်မရောင်းနိုင်တော့ပါဘူး။ ရှိနေတဲ့ မြေပဲပြုပ်၊ ခေါင်ရည် ၊ အချိုရည် စတာတွေပဲ ရောင်းနေရပါတော့တယ်။

ဟင်းသီးဟင်းရွက်တို့စိုက်ပြီး ရောင်းချဖို့ဆိုရင်လည်း အခုချိန်မှာဆိုရင် ကိုယ်ကိုယ်တိုင် စိုက်စားစရာမလိုတော့ပဲ ရပ်ကွက် ကျေးရွာ လမ်းကြို လမ်းကြားထိအောင် လှည့်ပတ်ရောင်းနေတဲ့ ဟင်းသည်တွေ အဆင်သင့်ရှိနေပါတယ်။

ဒါကြောင့် ကိုယ့်ရွာနဲ့ကိုယ် စိုက်ရောင်းမယ်ဆိုရင်လည်း သူတို့ဟင်းသည်လို အသီးအရွက်မလှပတဲ့အတွက်ကြောင့် ဝယ်သူမရှိဖြစ်နေဦးမယ်။ ဘယ်လိုဖြစ်ဖြစ် ကိုယ်တိုင်စိုက်တော့လည်း သဘာဝအသီးအရွက်ဖြစ်တဲ့အတွက်ကြောင့် စျေးတင်ချင်နေရင် အညာကနေလာတဲ့ မုန်ညှင်းတစ်စည်း ၁၀၀ ကိုပဲ အားပေးမိကြမှာပါ။

ဒါကြောင့် ကျမတို့ဒေသမှာ ကိုယ်တိုင်စိုက်၊ ကိုယ်တိုင်လုပ်တဲ့ အစားအစာတွေ ရှားပါးလာပြီး ပြည်မကနေလာတဲ့ အဆင်သင့်စျေးပေါတဲ့ စားစရာတွေကိုပဲ ဝယ်စားကြပါတယ်။

တကယ်တမ်း ကျမတို့ ကိုယ်တိုင်ဖော်ဆောင်တဲ့ အစားအစာတွေကိုက စျေးကြီးနေပါတယ်။ ပြည်မနေလာတဲ့ အသီးအရွက်တွေက စားချင်စရာဖြစ်ပြီး စျေးချိုပါတယ်။

ကျမတို့ ပြည်နယ်မှာရှိတဲ့ ကျေးလက်တောရွာတွေမှာ ကိုယ်ပိုင်စီးပွားရေးဆိုတာ မရှိသလောက်ရှိနေပြီး ပြည်မတို့ကိုပဲ အားကိုးအားထားပြုကြတာ ပိုများပါတယ်။

အစိုးရကနေလည်း ကျေးလက်တောရွာတွေအတွက် သူတို့ဒေသလေးတွေကနေ ထွက်ရှိတဲ့ ဒေသအစားအစာလေးတွေကို စျေးကွက်တစ်ခုလောက် ဖော်ဆောင်ပေးနိုင်ရင် ပြည်မကို အားကိုးရတာ ပိုလျော့လာနိုင်ပါတယ်။

ကျမတို့ဒေသမှာတော့ ဝယ်စရာတွေသာရှိပြီး ရောင်းစရာမရှိတဲ့ အဖြစ် ဖြစ်နေပါတယ်။ သူတို့ဆီကနေဝင်လာတဲ့ မုန်ညှင်းရွက်တစ်စည်းကအစ ကျမတို့နေ့စဉ်ဝယ်စားနေကြပါတယ်။ ကျမတို့အိမ်ကနေတော့ ပြန်ရောင်းစရာဘာမှ မတွေ့ရဘူးဖြစ်နေတယ်။

တပိုင်တနိုင်ဝင်ငွေတိုးစေတဲ့ ဒေါ်ကလောမာတို့လိုဆိုင်တွေ မပျောက်သွားနိုင်ဘူးလို့ မပြောနိုင်ပါဘူး။

ဒါကြောင့် ကျမတို့ပြည်နယ်ဒေသအတွင်းမှာ အခုလို စျေးဆိုင်ငယ်လေးတွေ ၊ တခြား မွေးမြူရေးလုပ်ငန်း တွေကို အားပေးမြင့်တင်ဖို့ လိုအပ်လာပါတယ်

Most read this week

ဓာတ်ပုံ - (မြစ်ကြီးနားမြို့တွင်း မြင်ကွင်းတစ်ခု / Crd)
August 31, 2026
စစ်အုပ်စုတပ် အာဏာသိမ်းပြီးနောက်ပိုင်း စစ်ရေးနှင့် စီးပွားရေး အခက်အခဲများကြား ရုန်းကန်နေရသည့်...
ဓာတ်ပုံ - (တောင်ကြီးမြို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲအပြီးတွင် RCSS/SSA မှ စဝ်အောင်မောင်းနှင့် သမ္မတရုံးဝန်ကြီး ဦးအောင်မင်းတို့ တွေ့ဆုံစဉ်။ / Crd)
August 31, 2026
ရှမ်းပြည် တော်လှန်ရေးအတွင်း ပါဝင်ခဲ့သည့် ရှမ်းနီ တိုင်းရင်းသား အများအပြား ရှိခဲ့ဖူးပြီး...
August 31, 2026
ရခိုင်ဒေသတွင် စစ်ရေးအခြေအနေသည် လေကြောင်းဗုံးကြဲတိုက်ခိုက်မှုများ ပိုမိုပြင်းထန်လာခြင်းနှင့်...
ဓါတ်ပုံ - (နယ်စပ်ဖြတ်ကျော်မြစ်ရေကိစ္စ စစ်အုပ်စုခေါင်းဆောင်နှင့် ထိုင်းဝန်ကြီးချုပ် လက်မှတ်ထိုး / Crd)
August 31, 2026
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ခမ်းနားထည်ဝါလှသော Queen Sirikit National Convention Center အတွင်း...