ဘုရားသုံးဆူမြို့ တပ်ကုန်းခြံဝင်းထဲ အမည်မသိလူနှစ်ဦး လက်ပစ်ဗုံးပစ်ထည့်ပေါက်ကွဲပြီးနောက် လက်နက်ပစ်ခတ်သံများထွက်ပေါ်

ဘုရားသုံးဆူမြို့ တပ်ကုန်းခြံဝင်းထဲ အမည်မသိလူနှစ်ဦး လက်ပစ်ဗုံးပစ်ထည့်ပေါက်ကွဲပြီးနောက် လက်နက်ပစ်ခတ်သံများထွက်ပေါ်

ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့ပေါ်ရှိ စစ်တပ်အခြေစိုက်ရာ တပ်ကုန်းခြံဝင်းထဲသို့ ပြီးခဲ့သည့်ည ၁၀ နာရီအချိန်ခန့်က မော်တော်ဆိုင်ကယ်တစ်စီးဖြင့် အမည်မသိလူနှစ်ဦး လက်ပစ်ဗုံးတစ်လုံး ပစ်ထည့်ပေါက်ကွဲပြီးနောက် မောင်းပြန်ရိုင်ဖယ်လက်နက်ပစ်ခတ်သံများထွက်ပေါ်ခဲ့ကြောင်း မြို့ခံအချို့မှသိရသည်။ 

“ညက ၁၀ နာရီ ဆိုင်ကယ် ၁ စီး လူ ၂ ယောက် တပ်ကုန်းရှေ့က တပ်ခြံဝင်းထဲ လက်ပစ်ဗုံးပစ်ထည့်ခဲ့ပီး  သေနတ်နဲ့ အချက် ၃၀ လောက်ပစ်ခတ်သံကြားရတယ်၊ မြို့ပြင်နာရီစင်ဘက်ကို ပြန်လစ်သွားကြတယ်” ဟု တပ်ကုန်းအနီး နေထိုင်သူတစ်ဦးက ပြောသည်။

အဆိုပါ လက်ပစ်ဗုံးပေါက်ကွဲသံကို ဘုရားသုံးဆူတစ်မြို့လုံးလိုလိုကြားလိုက်ရပြီးနောက် မောင်းပြန်ရိုင်ဖယ်ဖြင့် အတွဲလိုက် အပြန်အလှန်ပစ်ခတ်သံများ ၁၀ မိနစ်ခန့်ဖြစ်ပေါ်ခဲ့သော်လည်း ပျက်စီးမှုနှင့် ထိခိုက်ဒဏ်ရာရရှိမှုသတင်း မကြားသိရသေးပေ။

ယမန်နေ့ နေ့လယ်ပိုင်းက ဘုရားသုံးဆူမြို့ပေါ်တွင် ဆိုင်ကယ်သပိတ်ဆင်နွှဲသူများကို စစ်တပ်နှင့် ကရင်ပြည်နယ်နယ်ခြားစောင့်တပ် BGF ပူးပေါင်းလုံခြုံရေးတပ်ဖွဲ့တို့က မော်တော်ကားဖြင့်တိုက်၍လည်းကောင်း၊ သေနတ်ပစ်ခတ်၍လည်းကောင်း ဒဏ်ရာရရှိသူများအား ဖမ်းဆီးခံမှုများရှိခဲ့သည်ဟု ဘုရားသုံးဆူမြို့ခံအချို့က ဆိုသည်။   

အလားတူ မြန်မာပြည်တဝန်းမြို့ပေါ်အသီးသီး၌ ယမန်နေ့က ဆန္ဒပြသူများအား မော်တော်ကားဖြင့်တိုက်ပြီး သေနတ်ပစ်ခတ် ဖမ်းဆီးမှုများရှိခဲ့ကြောင်း သတင်းများက ဖော်ပြသည်။

February 23, 2026
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကျောင်းရွာကျေးရွာအတွင်း ယနေ့ဖြစ်ပွားခဲ့သည့် နှစ်ဖက်တိုက်ပွဲတွင်...
February 21, 2026
မာံသဟာဲ (မင်းစဟိုင်း) နွေဦးနံနက်ခင်း၏ မြူနှင်းမြက်ခင်းများကြားတွင် ထားဝယ်နည်းပညာတက္ကသိုလ်...
February 20, 2026
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့အနီးရှိ ကျေးရွာများတွင် စစ်ကော်မရှင်မှ တပ်အင်အား...
February 19, 2026
မွန်အမျိုးသားပညာရေးဌာနမှ ပထမဆုံးအကြိမ် ဘွဲ့နှင်းသဘင်အခမ်းအနားတွင် Bop Htaw နှင့်...