ကျိုက်ကော်မြို့တွင် စစ်ကောင်စီတပ်ကားကို KNU ပစ်ခတ် ၃ ဦးသေဆုံးဟုဆို

ကျိုက်ကော်မြို့တွင် စစ်ကောင်စီတပ်ကားကို KNU ပစ်ခတ် ၃ ဦးသေဆုံးဟုဆို

မွန်ပြည်နယ် ကျိုက်ကော်သပိတ်စစ်ကြောင်းကို ဖြိုခွင်းရန် ဧပြီလ ၂၃ ရက်နေ့ မနက် ၇ နာရီခွဲ ဝန်းကျင်တွင် လာရောက်သည့် စစ်ကောင်စီတပ်ဖွဲ့ ကားတစ်စီးကို KNU ဘက်မှ ပစ်ခတ်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးသေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

ထိုနောက် သထုံမြို့အနီးတွင် စစ်ကောင်စီ တပ်ဖွဲ့များနှင့် ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၁ တို့ တိုက်ပွဲငယ်များ ဆက်လက် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ပစ်ခက်တိုက်ခိုက်မှုများကြောင့် စစ်ကောင်စီ တပ်ဖွဲ့ဘက်မှ ရန်ကုန် မော်လမြိုင် လမ်းမကြီးရှိ ဘီးလင်း သထုံလမ်းပိုင်းကို ပိတ်ဆို့ထားခဲ့ကြောင်း သိရသည်။

ထို့အပြင် သထုံမြို့ သိမ်ကုန်းရပ်ကွက် ရွှေချောင်းလမ်းတွင် ယနေ့ည ၈ နာရီခွဲ ခန့်တွင် ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ပြီးနောက် သေနတ်သံများ ကြားရကြောင်း ဒေသခံများက ဆိုသည်။

သထုံမြို့ ပုတိန်ရိုးရပ်တွင် ဧပြီလ ၂၃ ရက်နေ့ နံနက်ပိုင်းက အမျိုးသားညီညွတ်ရေးအစိုးရ ထောက်ခံပွဲကို သထုံမြို့နှင့် ဘီးလင်းမြို့ ဒေသခံများက ပြုလုပ်ခဲ့ပြီး KNU ဘက်မှ လုံခြုံရေး ရယူပေးခဲ့ကြောင်း သိရသည်။

ဘီးလင်းမြို့နယ်တွင် ဧပြီလ ၂၁ ရက်နေ့ ည ၇ နာရီကျော်တွင် ခြေမြန်တပ်ရင်း ၃ အရှေ့မှ ဖြတ်သန်းသွားသည့် ဆီဘောက်ဆာ ၃ စီးကို စစ်ကောင်စီ တပ်ဖွဲ့များ ပစ်ခတ်ကြောင့် ယာဉ်မောင်း တစ်ဦး သေဆုံးခဲရကြောင်း သိရသည်။

တဖက်တွင်း နိုင်ငံတော်ပိုင် အဆောက်အဦများအား မီးပုလင်းဖြင့် ပစ်ပေါက်မီးရှို့ခြင်း၊ အများပြည်သူသွားလာရေး အဆင်ပြေ ချောမွေ့စေရေးတို့အတွက် နိုင်ငံတော် ဘဏ္ဍာငွေများဖြင့် ဆောက်လုပ်ထားရှိသည့် တံတားများအား မီးရှို့ဖျက်ဆီးခြင်းများကို ဆန္ဒပြသူများက ပြုမူဆောင်ရွက်လျက်ရှိကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ခဲ့သည်။

February 23, 2026
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကျောင်းရွာကျေးရွာအတွင်း ယနေ့ဖြစ်ပွားခဲ့သည့် နှစ်ဖက်တိုက်ပွဲတွင်...
February 21, 2026
မာံသဟာဲ (မင်းစဟိုင်း) နွေဦးနံနက်ခင်း၏ မြူနှင်းမြက်ခင်းများကြားတွင် ထားဝယ်နည်းပညာတက္ကသိုလ်...
February 20, 2026
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့အနီးရှိ ကျေးရွာများတွင် စစ်ကော်မရှင်မှ တပ်အင်အား...
February 19, 2026
မွန်အမျိုးသားပညာရေးဌာနမှ ပထမဆုံးအကြိမ် ဘွဲ့နှင်းသဘင်အခမ်းအနားတွင် Bop Htaw နှင့်...