ဗိုလ်ချုပ်အောင်ဆန်းတံတား(ဘီလူးကျွန်း)ဖွင့်ပွဲပြုလုပ် ပြည်သူ့လွှတ်တော်ဥက္ကဌ တက်ရောက်

ဗိုလ်ချုပ်အောင်ဆန်းတံတား(ဘီလူးကျွန်း)ဖွင့်ပွဲပြုလုပ် ပြည်သူ့လွှတ်တော်ဥက္ကဌ တက်ရောက်
ယခင် သံလွင်တံတား(ချောျင်းဆုံ)အမည်မှ ဗိုလ်ချုပ်အောင်ဆန်းတံတား(ဘီလူးကျွန်း)အမည်သို့ ပြောင်းလဲခဲ့သည့် မော်လမြိုင်နှင့် ဘီလူးကျွန်းဆက်သွယ်ထားသော တံတားဖွင့်ပွဲကို ယနေ့မနက်ပိုင်းက ဗိုလ်ချုပ်အောင်ဆန်းတံတား(ဘီလူးကျွန်း)တွင် ပြုလုပ်ခဲ့သည်။

ဖွင့်ပွဲသို့ ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့်၊ နိုင်ငံတော်အခြေခံဥပဒေခုံရုံးအဖွဲ့ဝင် ဒေါ်ခင်ဌေးကြွယ်၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ တနင်္သာတိုင်းဒေသကြီး ၀န်ကြီးချုပ်များ၊ ပြည်ထောင်စု၊ ပြည်နယ်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ NLD ပါတီဝင်များတက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် တံတားဖွင့်ပွဲအပြင် တံတားပြတိုက်ဖွင့်ပွဲပါ တစ်ပါတည်းကျင်းပပြုလုပ်ခဲ့သည်။

ပထမအကြိမ် ပြည်သူ့လွှတ်တော်တွင် ချောင်းဆုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် နိုင်လှမောင်၏ တင်ပြမှုဖြင့် စတင်ခဲ့ပြီး နိုင်ငံတော်သမ္မတဦးသိန်းစိန်လက်ထက်က ပြည်ထောင်စုရန်ပုံငွေ၊ ပြည်နယ်ရန်ပုံငွေနှစ်မျိုးပေါင်းပြီး သံလွင်တံတား(ချောင်းဆုံ)အမည်ဖြင့် ဆောက်လုပ်ခဲ့ကာ ယခု နိုင်ငံတော်သမ္မတ ဦးထင်ကျော်လက်ထက်တွင် ဗိုလ်ချုပ်အောင်ဆန်းတံတား(ဘီလူးကျွန်း)အမည်ဖြင့် ပြောင်းလဲသတ်မှတ် ဖွင့်ပွဲကျင်းပပြုလုပ်ခဲ့ခြင်းလည်းဖြစ်သည်။

နိုင်ငံတော်သမ္မတ ဦးထင်ကျော်ဦးဆောင်သည့် အစိုးရလက်ထက်တွင် တံတားအမည်ပေးရေးအတွက် မူဝါဒ(၄)မျိုးချမှတ်ထားကြောင်း မွန်ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာအေးဇံက မီဒီယာများကို ပြောကြားထားခဲ့သည်။

June 30, 2026
မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်တပ် လစဉ်ဖွင့်လှစ်နေတဲ့ စစ်မှုထမ်း အပတ်စဉ် ၁ ကနေ အပတ်စဉ် ၂၆ အထိ...
June 29, 2026
မွန်ပြည်နယ် ဘီးလင်းမြို့နယ် ဘီးလင်းမြစ်ကြောင်းတစ်လျှောက်ရှိ ရွှေမျောလုပ်ကွက်တွေ သုံးရက်ဆက်တိုက်...
ဓာတ်ပုံ - Earthquake People's Defence Force
June 27, 2026
မကွေးတိုင်း ပခုက္ကူခရိုင်မှာ အာဏာသိမ်းစစ်တပ်နဲ့ တော်လှန်ရေးအဖွဲ့တွေကြားတိုက်ပွဲ ဖြစ်ပွားပြီး...
ဓာတ်ပုံ-MOI
June 26, 2026
မွန်ပြည်နယ် မော်လမြိုင်မြို့မှာ စစ်မှုထမ်း အကြုံးဝင်တဲ့ လူငယ်တွေကို  မှတ်ပုံတင် ...