Published
Friday, April 16, 2021
ဟားခါး၊ မတူပီ၊ ပလက်ဝမြို့မှာ PSI စလောင်းတွေကို ဖြုတ်သိမ်းခိုင်းပြီး တစ်အိမ်တက်ဆင်းရှာဖွေမှုတွေပြုလုပ် (ဧပြီလ ၁၆၊ ၂၀၂၁)
ချင်းပြည်နယ် မတူပီမြို့မှာ အာဏာသိမ်းစစ်ကောင်စီရဲ့ ဖမ်းဆီးမှုကိုခံခဲ့ရတဲ့ အရပ်ဖက်အဖွဲ့အစည်းက ဦးဆောင်သူတချို့အပါအဝင် တက္ကသိုလ်ကျောင်းသား ၁၁ ယောက်အနက် ၆ ယောက်ကို ပြန်လွှတ်ပေးခဲ့ပါတယ်။
တမူးမြို့မှာ အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့တွေက အင်အားအလုံးအရင်းနဲ့ ပြည်သူ့လုံခြုံရေးခံတပ်တွေကို ပစ်ခတ်ဖြိုခွင်းပြီး မသင်္ကာတဲ့အိမ်တွေကို ဝင်ရောက်ရှာဖွေမှုတွေရှိနေတာကြောင့် ဒေသခံပြည်သူ ၂၀၀ ကျော်
အိန္ဒိယဘက်ထွက်ပြေးသွားခဲ့ကြပါတယ်။ချင်းပြည်နယ် ဟားခါး၊ မတူပီနဲ့ ပလက်ဝမြို့တွေမှာ အာဏာသိမ်းစစ်ကောင်စီက PSI စလောင်းတွေကို ဖြုတ်သိမ်းခိုင်းပြီး တစ်အိမ်တက်ဆင်းရှာဖွေမှုတွေပြုလုပ်နေပါတယ်။






